အရာတော် မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ဟင်္သာကျေးရွာနှင့် ရွေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္တန်းတောကျေးရွာသို့ဆက်သွယ်ထားသော ပရမ်းပကားချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသော ပရမ်းပကား ချောင်းကူးတံတားသည် (၂၀၁၃)ခုနှစ်နှင့် (၂၀၁၄)ခုနှစ်မိုးရာသီများတွင် နှစ်လေးဆယ်ကျော် သက်တမ်းရှိ တံတားဟောင်းချဉ်းကပ်မြေသားလမ်းများသည် ချောင်းရေတိုက်စားကာ ပြိုကျခဲ့သဖြင့် ဒေသခံ ပြည်သူများ အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကျန်းမာရေး၊ လူမှုရေးကဏ္ဍများတွင် အခက်အခဲဖြစ်လျက်ရှိရာ ယခု အခါတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပရမ်းပကားချောင်းကူးတံတားသစ်အား တံတားဟောင်းအနီးတွင် ခံနိုင်ဝန်(၃၀)တန်ရှိအလျား (၁၂၀) ပေ၊ အကျယ်(၁၄)ပေရှိ ဘိုးပိုင်သံမဏိသံဘောင်တပ် သစ်သားခင်းတံတားသစ်အား တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာန ရန်ပုံငွေ(၁၂၆၇)သိန်းဖြင့် မတ်လ (၂၁)ရက်နေ့ မှစတင်ပြီးတည်ဆောက်လျက်ရှိရာ ယခုနှစ် ဇွန်လအတွင်းအပြီးတည်ဆောက် သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။