မုံရွာ-မတ်(၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ခတ္တကန်တောင်ကျေးရွာ၊ ဗောဓိတထောင်သာသနာ နယ်မြေအတွင်းရှိ ဗန္ဓဝတောင်တွင်တည်ဆောက်လ က်ရှိသောဉာဏ်တော်အမြင့် (၂၃၄)ရှိလေးကျွန်းစကြာ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သတ္တဌာန ဌာပနာတော်သွင်းလှူခြင်းနှင့် ဒုတိယ ကြိမ်မြောက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကိုမတ် လ(၂၂)ရက်နေ့နံနက်(၉)နာရီက အဆိုပါတည်ဆောက်ရေးလုပ်ငန်းခွင်တွင် ကျင်းပရ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီးဒေါ်ဝေဝေခိုင်၊တရားသူကြီးချုပ်၊ ဥပဒေချုပ်၊စာရင်းစစ်ချုပ်၊တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ဂေါပက အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

မုံရွာ-မတ်(၂၃)

ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ အခမ်းအနားကို မတ်လ (၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးသင်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၈၇)ဦးနှင့် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တရားလွှတ်တော်တရားသူကြီး(၁)၊ တရားသူကြီး(၂)တို့ တက်ရောက် ကြသည်။

မုံရွာ-မတ်၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုထိုသားကျေးရွာတွင် မတ်လ ၂၁ ရက်၊ နံနက်( ၈ )နာရီအချိန်က  စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေကျပ် သိန်း ၈၀၀၀ကျော်ဖြင့်  တည်ဆောက် ပြီးစီးခဲ့သည့်  အလောင်းတော်ကဿပသွားရာ ပင်မ လမ်းပိုင်းပေါ်ရှိ     ၂၁ စင်းမြောက်   ရွှေမေတ္တာ ရွှေဆံပင် သံကူကွန်ကရစ်တံတားကြီးဖွင့်ပွဲ အခမ်းအနားကို မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေ မှု၊    ဌာနဆိုင်ရာများနှင့်   ဒေသခံပြည်သူများ၏ စတုဒိသာမဏ္ဍမ်များဖြင့် ဧည့်ခံကျွေးမွေးမှု ၊   ဂီတတံခါးလေးအဖွဲ့၏   သီဆို ဖျော်ဖြေမှုများဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ခဲ့ကြောင်း သိရသည်။

မုံရွာ- မတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းတွင် မတ်လ၂၀ ရက်၊ နေ့လည် ၁၁ နာရီအချိန်က အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်( ၂၄ )နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ်( ၂၈ ) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

Page 2 of 2

သတင်း အချက်အလက်