(၂၃.၁.၂၀၂၁)ရက်နေ့ နံနက်(၀၈၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် မြင်းမူ မြို့နယ်သို့ ရောက်ရှိပြီး “မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း” မြင်းမူမြို့နယ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ စစ်ကိုင်းခရိုင်အမျိုးသမီးကော်မတီ ဉက္ကဌ ၊ မြင်းမူမြို့နယ် အမျိုးသမီးကော်မတီဥက္ကဌ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ နေ့လယ်(၁၁၀၀)နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် စစ်ကိုင်းခရိုင် မြင်းမူ မြို့နှင့်မြောင်မြို့တို့တွင် ဘက်စုံသုံးအားကစားခန်းမဖွင့်ပွဲ အခမ်းအနားများသို့ လွတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်မှ တာဝန်ရှိသူများ၊ မြို့မိ/ဖများနှင့်အတူ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး မြောင်မြို့မှ လွှတ်တော်ကိုယ်စားလှယ်များ ၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်မှ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ Mask Campaign ပြုလုပ်ခဲ့ကြပါသည်။

၎င်းနောက် ညနေ(၃)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ ရေဉီးမြို့ဘက်စုံသုံးအား ကစားခန်းမဖွင့်ပွဲ အခမ်းအနားသို့ ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဉီးသန်းညွန့်ဝင်းနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအား/ကာနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရေဉီးမြို့ ဗိုလ်ချုပ်ကြေးရုပ် အနီး၌ Mask Campaign ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

25-1-2021sgg0125-1-2021sgg0225-1-2021sgg0325-1-2021sgg0425-1-2021sgg05

သတင်း အချက်အလက်