စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် နှင့်ဇနီး ဒေါ်တင့်တင့်(ခ) ဒေါ်ချူးချူး သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ နှင့်အတူ ယနေ့ နံနက် (၉)နာရီက စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်ရှိ မိဂဒါဝုန်‌ချောင် မြရတနာ သီလရှင်စာသင်တိုက်တွင် COVID-19ရောဂါကာကွယ်ဆေးဝယ်ယူရန် အလှူငွေများ လှူဒါန်းခြင်းကို လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဥ်း၍ နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအပြင် စေတနာအလှူရှင်ပြည်သူများ အားလုံးပူးပေါင်းဆောင်ရွက်လျက်ရှိသော COVID-19 စစ်ဆေးရေးဂိတ်များထားရှိမှု အခြေအနေ၊ အသွားအလာကန့်သတ်စောင့်ကြည်နေရာများ ထားရှိမှုအခြေအနေ၊ လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများ ဝယ်ယူလှူဒါန်းပေးမှုအ​ခြေအနေနှင့် COVID-19ကာကွယ် ဆေးဝယ်ယူရန် အလှူငွေရရှိမှုအခြေအနေတို့အား ရှင်းလင်းလျှောက်ထားခဲ့ပြီး အလှူငွေများ လှူဒါန်းခြင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော်မှ အလှူငွေကျပ်(၁၀၀)သိန်း၊ စစ်ကိုင်းတိုင်းဒေသကြီးသီလရှင် အမှုဆောင်အဖွဲ့ ဥက္ကဌ ဆရာကြီး ဒေါ်ပုညကာမီမှ အလှူငွေကျပ်(၁၀၀)သိန်းနှင့် ဒေသခံ အလှူရှင်(၆)ဦးမှ ငွေကျပ်(၅၇)သိန်း၊ စုစုပေါင်းအလှူငွေကျပ်(၂၅၇)သိန်းအား လက်ခံရယူပြီး အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မြင်းမူမြို့နယ် ကြော့မင်းကျေးရွာ COVID-19 ရောဂါ စစ်ဆေး‌ရေးဂိတ်သို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ COVID-19ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

30-1-2021sggnews0130-1-2021sggnews0230-1-2021sggnews0330-1-2021sggnews0430-1-2021sggnews0530-1-2021sggnews0630-1-2021sggnews0730-1-2021sggnews0830-1-2021sggnews0930-1-2021sggnews1130-1-2021sggnews1230-1-2021sggnews1330-1-2021sggnews1430-1-2021sggnews15

သတင်း အချက်အလက်