MONYWA / AUGUST 25, 2021 စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သြဂုတ်လ(၂၅)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကျောက္ကာ(တောင်)ကျေးရွာရှိ ရွှေဂူနီစေတီတော် မြတ်ကြီးသို့ ရောက်ရှိရာ ဘုရားဖူးပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေးနှင့် စေတီတော်ကြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလှူငွေကျပ် (၁၀)သိန်းအား ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဓမ္မပါရဂူပါဠိ တက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိရာ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ် လှူဒါန်းကာ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ တိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်) ဒုတိယဥက္ကဌ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းကာ သာသနာတော်ဆိုင်ရာများ လျောက်ထားခဲ့ကြပါသည်။ အဆိုပါ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ဓမ္မပါရဂူပါဠိတက္ကသိုလ် ကျောင်းတိုက်သို့ ဆန်(၁၀) အိတ်၊ ဆီ (၃၀)ပိဿာ၊ ကြက်သွန် (၂၅)ပိဿာ၊ ကုလားပဲ (၅၀)ပိဿာ၊ ဆား (၁၀)ပိဿာနှင့် ဘုရားကြီးရပ်ကွက်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်သို့ ဆန်(၁၅)အိတ်၊ ဆီ (၄၀)ပိဿာ၊ ကြက်သွန် (၃၅)ပိဿာ၊ ကုလားပဲ (၇၀)ပိဿာ၊ ဆား(၁၀)ပိဿာ ကာလတန်ဘိုးငွေကျပ် စုစုပေါင်း(၁၈)သိန်းကျော်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း အချက်အလက်