MONYWA / AUGUST 26, 2021 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနိုုင်း အစည်းအဝေးကို သြဂုတ် လ(၂၆)ရက်၊ မွန်းလွဲ(၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် (၃၆)ဦးမှာ Video Conferening စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြာရာတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသည့်တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ စပါးသီးနှံမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးပြီးလျှင် စိုက်ပျိုးဧက အများဆုံး ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ တို့တွင် စိုက်ဧကအများဆုံးစိုက်ပျိုးရာ တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အဓိက သီးနှံဖြစ်သည့် စပါးသီးနှံကို ပြည်တွင်းဝမ်းစာဖူလုံအောင် ဆောင်ရွက်ရုံမက ပိုလျှံသည့်စပါးများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချည်မျှင်ရှည်ဝါ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကချည်မျှင်နှင့် အထည်စက်ရုံများ၏ ဝါဂွမ်းလိုအပ်ချက်အား ဖြည့်ဆည်းနိုင်သည့်အပြင် ပိုလျှံသည့်ဝါဂွမ်းများအား ပြည်ပသို့တင်ပို့ခြင်းဖြင့်နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိမှာ ဖြစ့်သည့်အပြင် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှာဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ပျိုး ရာသီတွင် တိုင်းဒေသကြီးအတွင်း စုစုပေါင်း- ၁၈၂၅၀၀၀ ဧက စိုက်ပျိုး သွားမည်ဖြစ်ရာ ယနေ့အထိ - ၁၂၃၂၁၆၈ ဧက စိုက်ပျိုးပြီးဖြစ်ရာ စက်တင်ဘာ လကုန်တွင် လျာထားချက် ပြည့်မီရေး ကြိုးစားဆောင်ရွက် သွားရန်နှင့် ဝါသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားချက်-၇၉၃၄၆ ဧကအပေါ် ယနေ့အချိန်အထိကို -၃၆၃၅၁ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ပျိုးရန် လျာထားချက်ပြည့်မီရေး စပါးနှင့်ဝါသီးနှံတစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနများအလိုက်ဆောင်ရွက်နေသော စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးများက မိမိတို့ခရိုင် များအတွင်း စပါး၊ ပဲမျိုးစုံ၊ ဝါသီးနှံနှင့် အခြားသီးနှံများစ်ိုက်ပျိုးပြီးစီးမှု၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများနှင့် ဆက်လက်စိုက်ပျိုးမည့်လုပ်ငန်းများအား အသီးသီးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတွင်းရေးမှူးတို့က စိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအနေဖြင့် စပါးသီးနှံနှင့် ဝါသီးနှံစိုက်ပျိုးရေးကိုသာမကဘဲ အခြားဝင်ငွေရသီးနှံများနှင့် စားဖိုဆောင်သီးနှံများရဲ့ အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ရာ စိုက်ပျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနများပေါင်းစပ်၍ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန် ပြေကြားပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

သတင်း အချက်အလက်