စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ (၃၁)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပသော အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်ခြင်းသရုပ်ပြသပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက Truntable Ladder လှေကားတင်မီးငြှ်ိမ်းသတ်ယာဉ်နှင့် Luf 60 အဝေးထိန်းစနစ်သုံး မီးငြှိမ်းသတ်စက်များဖြင့် မီးငြှိမ်းသတ်နေမှုသရုပ်ပြသခြင်း၊ သဘာ၀ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ် ရေပြင်/မြေပြင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများအသုံးပြုခြင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မီးလောင်မှုများဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးယာဉ်များတွင် တပ်ဆင်ထားသော Camera များမှတဆင့် ညွှန်ကြားကွပ်ကဲနိုင်သည့် Command & Control Center တို့အား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဠ်ဦး က လိုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်း မြစ်အတွင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက Speed Boat များဖြင့် ရေပြင် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသနေမှုတို့အား ကြည့်ရှုအားပေးကာ ရေကြီးရေလျံမှုများ ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားရှိသော Speed Boat များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ရိုးတာဘောင် - ၁၀ ပေါက်တွဲ ရေထိန်းတံခါးကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းပြီး မြင်းမူမြို့ ဧရာဝတီမြစ်ကမ်းနားလမ်း ရေတိုက်စားခံရမှုကြောင့် အောက်ခြေမြေသား အရှည်ပေ - ၁၀၀ ခန့်၊ အကျယ် - ၈ -ပေခန့်၊ ဧရာဝတီမြစ်အတွင်းသို့ ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ အရေးပေါ်ကမ်းထိန်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးခဲ့သည့်ရေထိန်းတာရိုးအား အချိန်မီပြုပြင် ပြီးစီးရေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း အချက်အလက်