စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ (၅/၂၀၂၁)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၃)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေမျိုးဇော်က ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ပေးရန်၊ ရင်းနှီးမြုပ်နှံ မှုဆိုင်ရာလုပ်ငန်းများနှင့် ဥပဒေများအား ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့ တက်ရောက် လာကြသော ကော်မတီဝင်များက ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေး တင်ပြခဲ့ကြပါသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ပေးရန်၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြချက်များအပါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြိး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းသို့ ရောက်ရှိရာ မိုးလုံလေလုံအားကစားခန်းမ၊ ကိုယ်ကာယကြံ့ခိုင်ရေး Gym အား ကစားခန်း၊ ဖူဆယ်အားကစားရုံနှင့် ပြည်သူ့ဘောလုံးကွင်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)သို့ရောက်ရှိရာ ခရာတေး၊ ဂျုဒို ကျောင်းသား၊ကျောင်းသူများလေ့ကျင့်နေမှုအား ကြည့်ရှု့အားပေးပြီး အားကာသိပ္ပံ(မုံရွာ)ဘောလုံးကွင်းနှင့် ကျောင်းသားကျောင်းသူများ စားရိပ်သာ ဆောင်နှင့် အိပ်ဆောင်များအားလှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ၁၂၀ ပေ ၄၀ ပေ RC (၁)ထပ် ထမင်းစားခန်းမဆောင်တည်ဆောက်နေမှုအားကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်