စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် စက်တင်ဘာလ(၄)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ထူပါရုံရွှေကျောင်းတိုက်၊ ဓမ္မာရုံတော်ကြီးတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ စစ်ကိုင်းမြို့၊ ဇိနောဒယပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိုင်းဒေသကြီး သံဃာ နာယကအဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကာရုဥိက ဆရာတော်ကြီး နှင့်သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်း - ၅၂ ကျောင်းနှင့် သီလရှင်ကျောင်း - ၇ ကျောင်းရှိ ရဟန်း၊သံဃာ/သီလရှင် ၁ ပါးလျှင် ဆန် - ၈ ပြီ၊ ဆီ - ၅၀ ကျပ်သားနှင့် ပဲကြာဇံ - ၅၀ ကျပ်သား လှူဒါန်းခဲ့ပြီး စုစုပေါင်း ကာလ တန်ဘိုးငွေကျပ် - ၄၈၂၅၀၀၀ သိန်း (လေးဆယ်ရှစ်သိန်းနှစ်သောင်းငါးထောင်)တိတိ လှူဒါန်းခဲ့ကြောင်း သိရပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း စက်မှုဇုန် ရှိ မြတ်နိုးသူကုမ္ပဏီလီမိတက် သစ်အခြေခံစက်မှုလုပ်ငန်းစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သစ်ပါးလွှာထုတ်လုပ်ခြင်း၊ အထပ်သားထုတ်လုပ်ခြင်း၊ သစ်ခွဲသားထုတ်လုပ်ခြင်း၊ Finger Jointed Board ထုတ်လုပ်နေမှုလုပ်ငန်းများအား စက်ရုံအတွင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇာမဏီကွန်ပေါင်း ဓာတ်မြေသြဇာစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ထုတ်လုပ်နေမှုအား စက်ရုံအတွင်းလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါစက်ရုံမှ တစ်နှစ်လျှင် ဓာတ်မြေသြဇာမျိုးစုံ တန်ချိန် ၈၀၀၀၀ (ရှစ်သောင်း) ထုတ်လုပ်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သည့် တစ်ရက်လျှက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး - ၁၀၀ ခန့်ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံ တည် ဆောက်နေမှုနှင့် အောက်ဆီဂျင်စက်ရုံအဟောင်းတို့အား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခေတ်သစ်ထွန်း ကုမ္ပလီမိတက် မျိုးကြက်ခြံနှင့်သားဖောက်လုပ်ငန်းသို့ ရောက်ရှိရာ တာဝန်ခံမန်နေဂျာမှ မျိုးကြက်နှင့် သားဖောက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညိနိုင်းပေါင်းစပ်ဆောင်ရွက် ပေးကာ မျိုးကြက်ပေါက်များ ကာကွယ်ဆေးထိုးပေးနေမှုနှင့် နယ်များသို့တင်ပို့ရန် ထုတ်ပိုးနေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါ သားဖောက်လုပ်ငန်းမှ တစ်လလျှင် ကြက်ကောင်ပေါက် ၉ သိန်း ကျော် ထုတ်လုပ်ပေးနိုင်ကြောင်း သတင်းရရှိပါသည်။

သတင်း အချက်အလက်