စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်၊ နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ရေလှောင်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က သဖန်းဆိပ်ရေလှောင်တမံ အတွင်းသို့ ရေဝင် ရောက်မှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သဖန်းဆိပ်ရေလှောင်တမံအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်စည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သဖန်းဆိပ် ရေအားလျှပ်စစ်စက်ရုံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးပြီး သဖန်း ဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ရေပိုလွှဲတို့အားကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ သဖန်းဆိပ်ရေလှောင်တမံသည် မြေသားတမံဖြစ်ပြီး ကန်ရေပြည့်ရေသိုလှောင်နိုုင်မှု ပမာဏမှာ -၂၇၉၄၀၀၀ ဧကဖြစ်ရာ လက်ရှိအချိန်တွင် ဝင်ရောက်နေသည့်ရေပမာဏမှာ- ၁၈ သိန်း၊ ၉ သောင်း ဧက ဖြစ်ကာ အဆိုပါ ရေဖြင့် မိုးစပါး- ၄၈၄၀၀၀ ဧကစိုက်ပျိုးလျက်ရှိပြီး နွေစပါးနှင့်အခြားသီးနှံ - ၃၂၀၀၀၀ ဧကကျော် စိုက်ပျိုးသွားမည်ကြောင်း သိရပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့ သီတဂူဗုဒ္ဓ တက္ကသိုလ် သံဃာ့ဆေးရုံ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများ၊ ဆွမ်းဆန်စိမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မြို့နယ်ဆိုင်ရာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်တင်းစိုးနှင့် သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း တို့က ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာများနှင့် လူမှုရေးအသင်းအဖွဲ့များအား အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် စားသောက် ဖွယ်ရာများအား တာဝန်ရှိသူများထံပေးအပ်ခဲ့ပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ မဟာရွှေစည်ကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကန့်ဘလူမြို့၊ ကုတင် - ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့မှပေးအပ်သည့် တစ်ရက်လျှင် ၄၀ လီတာဆံ့အိုး - ၁၀၀ ထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံ တည် ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးကာ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြပါသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မြို့နယ်ဆိုင်ရာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူးက နယ်မြေအေးချမ်းသာ ယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် လူမှုရေးအသင်းအဖွဲ့များအား အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း အချက်အလက်