မုံရွာ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁) အစည်း အဝေးကို အောက်တိုဘာလ (၅)ရက် နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကားပြောကြားရာတွင် “တိုင်းဒေသကြီးအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၊ စိူက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ သတ္တုနှင့်စွမ်းအင် ကဏ္ဍ၊ အစရှိသည့် ကဏ္ဍအသီးသီးမှာ ရင်းနှီးမြုပ်နှံနိုင်တဲ့ အခွင့်အလမ်းများစွာ ရှိပါ၍ ကော်မတီဝင် တွေအနေနှင့် ရင်းနှီးမြုပ်နှံမှုအသစ်တွေ ဝင်ရောက်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးကြပါ ရှိပြီးဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများကိုလည်း ဖြစ်ထွန်းအောင်မြင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြစေလိုကြောင်း” ပြောကြား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေမိုးဇော်က Myanmar Fresh Agro Co, Ltd နှင့် Aung Nagani Co,Ltd တို့မှ တည်ဆောက်ရေးကာလ တိုးမြင့်ခွင့်ပြုပါရန်နှင့် Than Sin Sun Moon Monywa Healthy Product Co,Ltd မှ လုပ်ငန်းယာယီရပ်ဆိုင်းခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ရာ အစည်းအဝေးသို့ တက်ရောက်လာကြသော စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌနှင့်  ကော်မတီအဖွဲ့ဝင်များ တင်ပြလာသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က တည်ဆောက်ရေးကာလ တိုးမွှင့်ခွင့်ပြုပါရန်နှင့် လုပ်ငန်းယာယီရပ်ဆိုင်းခွင့်ပြုပါရန် ကိစ္စ ရပ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားဖိုဆောင်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ရေး လုပ်ငန်းညှိနိုင်း အစည်းအဝေးသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံများကို ဒေသဖူလုံရေးအတွက်သာမကဘဲ နေရာအနှံတင်ပို့ရောင်းချနိုင်ရေး၊ စားသုံးသူပြည်သူလူထုအား ဈေးနှုန်းသက်သာပြီး  ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် အထူးဇုန်များဖော်ထုတ်ပြီး အကာင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မုံရွာ၊ ဘုတလင်၊ အရာတော်နှင့် ချောင်းဦး ဒေသတွေဟာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး မြစ်ရေတင် စီမံကိန်းများရှိတဲ့အတွက် စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးပြီးပါက မြေလွတ်မြေလပ်မထားဘဲ  စားဖိုဆောင်နှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင်သီးနှံ လက်ကားဈေးကွက် Whole Sale Marketများထူထောင်ပြီး တိုင်းဒေသကြီးနှင့် နီးစပ်ရာဒေသများသို့ တင်ပို့ရောင်းချခြင်း၊ အဆင့်မွှင့် ကုန်ချောများ ထုတ်လုပ်ခြင်းတို့ကို အချိန်တိုအတွင်း Quick Win ရရှိအောင် ဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းတို့က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦးက စားဖိုဆောင်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုအထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးချိုလတ်က အင်တော၊ သုံးပန်လှ၊ အရာတော် မြစ်ရေတင်စီမံကိန်းမှ နွေ၊ မိုး၊ ဆောင်း ရေပေးဝေမည့် အစီအစဉ်များကို လည်းကောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က စားဖိုဆောင်သီးနှံနှင့် ဟင်းသီးဟင်းရွက်များ Whole Sale Market များ၊ ဒိုင်များထူထောင်ရေး အစီအစဉ်များကို လည်းကောင်း၊ မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားဖိုဆောင်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုများအား အသီးသီးရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီးအတွင်း စားဖိုဆောင်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးမှု အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားဖိုဆောင်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။     

သတင်း အချက်အလက်