မုံရွာ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၉)ရက်၊ နံနက်ပိုင်းတွင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့ရှိ  ရာဇမုနိ ပရိယတ္တိစာသင်တိုက်၊ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ်ပစ္စည်းများနှင့် အလှူတော်ငွေတို့အား  အသီးသီး ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဖောင်းပြင်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဖောင်းပြင်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက လှိုက်လဲဝမ်းသာစွာ ဖြင့်ကြိုဆိုနူတ်ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်လူနာများ စားသောက်ရန်အတွက်  ငွေကျပ် -၅ သိန်းကျော်တန်ဘိုးရှိ စားသောက်ဖွယ်ရာများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် သူနာပြုများက လက်ခံရယူကြပြီး ကျန်းမာရေးဆောင် ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဖောင်းပြင်မြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ စစ်က်ိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုနှင့် စက်လည်ပတ်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ်  လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ဆောက်ဆီဂျင်စက်ရုံ လည်ပတ် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာအနီး ဥရုချောင်းပေါ်ရှိ  မူလဥရုကြိုးတံတားအား သံကူကွန်ကရစ်တံတား အဆင့်မြှင့်တင် တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားတည်ဆောက်အထူးအဖွဲ့-၂ မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟက ဥရုတံတား အရှည်ပေ - ၁၀၉၀ ၊ အကျယ် - ၂၆ ပေ၊ သံကူကွန်ကရစ်တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်ရေးနှင့် အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။     

သတင်း အချက်အလက်