မုံရွာ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၁၀)ရက်၊ နံနက် ပိုင်းတွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ရှိ  ပရိယတ္တိစာသင်တိုက်၊ ဦးဉာဏိက ဆရာတော်ကြီးနှင့် သာသန ဇောတိကကျောင်းတိုက် ဦးဣန္ဒဝံသ ဆရာတော်ကြီးတို့ထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ် ပစ္စည်းများနှင့် အလှူတော်ငွေတို့အား  အသီးသီး ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံ ကောလိပ် စာသင်ကျောင်းဆောင် အဆောက်အဦများနှင့် ကျောင်းဖွင့်လှစ်သင်ကြားမည့် အခြေ အနေများအား ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ ကျောင်းသူများအိပ်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ(ဟုမ္မလင်း)သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာကြီး ဦးကိုးထင်းက ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းဖွင့်လှစ် သင်ကြားမည့် အခြေအနေများနှင့်  ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း)ကျောင်းအတွင်း စာသင်ဆောင်များ၊ အိပ်ဆောင် အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၁၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ ရောက်ရှိရာ ဆေးကုသမှု ခံယူနေကြသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ အသီးသီး ထောက်ပံ့ပေးအပ်ကာ ဆေးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးပြီး နောင်ပကျစ်ရပ်ကွက်ရှိ အောက်ဆီဂျင်ထုတ်လုပ်ရေး စက်ထားရှိမည့် အဆောက်အဦ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်