မုံရွာ နိုဝင်ဘာ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေ သကြီးအဆင့်ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် နိုဝင်ဘာလ(၂၁)ရက်၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ အောင်မြေကျောင်းတိုက် ဆရာတော်ကြီးထံ သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘုံ ရတနာမင်္ဂလာနန်တော်သို့ ရောက်ရှိရာ ရွှေဘုံရတနာမင်္ဂလာနန်တော် တာဝန်ခံ ဒေါ်တင်တင်အေးက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နန်းစံခဲ့သော ရွှေဘုံရတနာ မင်္ဂလာနန်းတော်အား လေ့လာရန်ဖွင့်လှဏ်ထားမှုနှင့် နေ့စဉ်ဖွင့်လှစ်ပြီး ဝင်ကြေးကောက်ခံမှု အခြေအနေနှင့် ရွှေတိုက် ဆောင်၊ စာရင်းတိုက်ဆောင်၊ နန်းဦးဘုရားဆောင်၊ ဘိသေကအောင်မြေနှင့် အလောင်းမင်းတရားကြီး အုတ်နန်းပြာသာဒ်ဆောင်တို့အား လှည့်လည်ပြသ ရှင်းလင်းတင်ပြရာ တိုင်းသေကြီး ဝန်ကြီးချုပ်က ရွှေဘုံရတနာ မင်္ဂလာနန်းတော်အတွင်းရှိ အဆောက်အဦများနှင့် ရှေးဟောင်းအမွေအနှစ်များ ပျောက်ပျက်၊ ပျက်စိးမှု မရှိအောင်ထိန်းသိမ်းရေး၊အမြဲသန့် ရှင်းသက်ရပ်နေ စေရေးနှင့် နန်းတော်အတွင်း လာရောက်လေ့လာသူများ ဗဟုသုတရရှိကာ စိတ်ပါဝင်စားအောင် ရှင်းလင်းပြောကြားရေးတို့အား အလေးထား ဆောင်ရွက်ပြင်ဆင်ထားရှိရန် မှာကြားခဲ့သည်။

ယင်းနောက် တိုင်းေးသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘို မြို့နယ်၊ မျိုးစေ့ဌာနခွဲချီပါမျိုးသန့်ခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးမင်းဆွေက ချီပါမျိုးသန့်ခြံရှိ မျိုးသန့် စပါး စိုက်ပျိုးထုတ်လုပ်မှုများနှင့် မျိုးဖြန့်ဖြူးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦးက ၂၀၂၀-၂၀၂၁ မိုးသီးနှံတွင် ချီပါမျိုး သန့်ခြံမှ ပေါ်ဆန်းရင်မျိုးကောင်းမျိုးသန့် ဧက ၅၀ နှင့် ဧရာမင်းမျိုးကောင်းမျိုးသန့် ဧက ၂၀ မျိုးသန့် ပွားများ စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ရရှိလာသောမျိုးသန့်မျိုးပွားမျိုးစေ့ တင်းပေါင်း ၄၂၃၀ ကို မျိုးဖြန့်ဖြူးနိုင် ခဲ့ကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ခြံအတွင်းစိုက်ပျိုးထားသော ပေါ်ဆန်းရင် (R.S)စပါးမျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ဆိပ်ခွန်ကျေးရွာအနီးရှိ မူးသုံးခွသို့ရောက်ရှိရာ ရွှေဘိုခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်မှ သဖန်းဆိပ်ဆည်ရေအား မူးသုံးခွ မြောင်လက်တံများမှ လယ်မြေ - ၁၀၆၀၀၀ (တစ်သိန်းခြောက်ထောင်) ဧကအား ရေပေးဝေမှု အခြေ အနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆည်ရေသောက်တောင်သူများ၏ စိုက်ပျိုးသည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ရေလုံလောက်စွာရရှိရေးမှာ အရေးကြီးပါ၍ ဆည်ရေကိုအလေ အလွင့်မရှိဘဲ လုံလောက်စွာပေးဝေနိုင်ရေးအတွက် မြောင်းလက်တံများ မပျက်စီးရေး၊ ရေစီးဆင်းမှုကောင်းနေစေရေးတို့အတွက် မြောင်းလက်တံများအား အမြဲထိန်းသိမ်း ပြုပြင်ထားရှိရန် မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး မူးသုံးခွဆည်ရေဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စပါးခင်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ အုန်းရှစ် ကန်ကျေးရွာအနီးရှိ ရွှေဘိုငါးလုပ်ငန်းဦးစီးဌာန၊ ငါးသားဖောက်စခန်းသို့ ရောက်ရှိရာ တာဝန်ခံ ဒုတိယ ဦးစီးမှူး ဦးဇော်ဝင်းအောင်က တစ်နှစ်လျှင် နှစ်လက်မအရွယ် ငါးသားပေါက်းအကောင်ရေ ၁၀၅၀၀၀၀ (ဆယ်သိန်းငါးသောင်း) ထုတ်လုပ်နိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး ငါးသားဖောက်ရန်အတွက် ငါးများမွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘို မြို့၊ စည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်ခန်းများ အသစ်ပြန်လည် ဆောက်လုပ်နေမှု တည် ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ဈေးကော်မတီမှ တာဝန် ရှိသူများက ဈေးဆိုင်ခန်း - ၈၈၁ ခန်း ပြန်လည်တည်ဆောက်နေမှုလုပ်ငန်းများနှင့် တည်ဆောက် ရေးလုပ်ငန်းများ၏ ၃၀ % ပြီးစီးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးဆိုင်ခန်းများပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ အရည်အသွေးကောင်းမွန်ရေး၊ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် လျှပ်စစ်မီးနှင့်ရေသွယ်ယူမှု စနစ်တကျရှိစေရေး ခေတ်နှင့်အညီ အဆင့်တန်းရှိစွာ တည်ဆောက်ရေး၊ သန့်ရှင်းသက်ရပ်မှုကို ထိန်းသိမ်းနိုင်ရေးတို့အား ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်သွားရေးတို့ကို မှာကြားကာ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သတင်း အချက်အလက်