မုံရွာ ဇန်နဝါရီ ၃၁ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိမိတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရသည့်နေရာများတွင် ခေတ္တနေထိုင်နေကြရသူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည်ထောင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမှ NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက်လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံပြည်သူများအား လုံခြုံစိတ်ချရသည့်နေရာများတွင် ပြန်လည်ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့် နေထိုင်စားသောက်နိုင်ရေးစီစဉ်ပေးခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မီးလောင်ဆုံးရှုံးခဲ့သည့် အင်မထီးကျေးရွာ၊ အိမ်ထောင်စုများအတွက် ငွေကျပ်(၂၅၀)သိန်း၊ ဆန်အိတ်(၂၅၀)အိတ်နှင့် ဆီ (၁၀) ပိဿ(၁၀)ပုံး၊ အခြားစားသောက်ဖွယ်ရာများ၊ သေဆုံးသူအမျိုးသမီးအတွက် ငွေကျပ်(၁၀) သိန်း၊ ဒဏ်ရာရရှိသူ အမျိုးသမီးအတွက် ငွေကျပ်(၃)သိန်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ငါးသေတ္တာများ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများ၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုများအတွက် တစ်အိမ်(၂)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂၁၉)အိမ် ထောင်စု အတွက် စုစုပေါင်းငွေကျပ် (၄၄၁.၅)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။