မုံရွာ ၊ စက်တင်ဘာ ၁၆
စစ်ကိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ ရတနာစေတီဆင်များရှင် ဘုရားကြီးသို့ လာရောက်ဖူးမျှော်ရာတွင် စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်ရေးနှင့် ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးအတွက် စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရားကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ စည်ပင်သာ ယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ စုပေါင်း၍ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေး အဖွဲ့များ စုစုပေါင်းအင်အား ၃၀၀၀ ဦးကျော်ဖြင့် ဘုရားစေတီပုထိုးများနှင့် မြို့သန့်ရှင်း သပ်ရပ် သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။