မုံရွာ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူများ တက်ရောက်ကြသည်။ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိန်းကလေးငယ်များအား အသက် (၉)နှစ်အရွယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာ ကွယ်ဆေး(HPV)ထိုးနှံပေးခြင်းအားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့်စတင်ထိတွေ့ခြင်းမရှိမီအချိန် တွင်ကြိုတင်ကာကွယ်ထားနိုင်ပြီး သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ရေး ရည်မှန်းဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ ရောဂါ ကူးစက်မှုအား ကာကွယ်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၉)နှစ်မှ(၁၂)နှစ်ကြား ကျောင်း သူများနှင့် ကျောင်းပြင်ပ မိန်းကလေးငယ်အားလုံး ကိုရှာဖွေထိုးနှံပေးသွားကြရန် လိုအပ်ပါ ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထ မြောက်အဖြစ်အများ ဆုံးကင်ဆာဖြစ်ပြီး အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သည့် အမျိုး သမီးများမှာတော့ တတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ကျောင်းအခြေပြုထိုးနှံချိန်တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံရန်အကျုံးဝင်သည့် ကျောင်းသူများစာရင်းအား ပညာရေး ဌာနနှင့်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ပြည်သူလူထုအခြေပြု သား အိမ်ခေါင်းကင် ဆာကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်ပူးပေါင်း၍ အကူအညီအားရယူ၍ VMIS မှ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် မိန်းကလေးများစာရင်းအားပြုစုခြင်း၊ ဆေးထိုးချိန်တွင် ဆေးထိုးစုရပ်ပြင်ဆင်ခြင်း၊ ကာကွယ် ဆေးများဖြန့်ဝေခြင်းအစရှိသည့် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များအား ဌာနသီးသီးမှ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သားအိမ်ခေါင်း ကင်ဆာထိုးနှံခြင်း Video Clip အား ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်း သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးနေမှု များအားကြည့်ရှုအားပေးပြီး တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ ကြောင်း သိရသည်။

0-02-06-ac30dd2ed34f92cb2f591fa985b220d1249ca38badb431483ba2a21aab4be766_48476252ea2c02bc.jpg

 

0-02-06-c647ac2aadd49f05de62e282a2504109d6c2be173f402aa107656c40270254c7_388d1994a23bd4b.jpg

0-02-06-281c8eef3aa9fecfb8a1ceda2f2f702872619a7a48d5ae45447e15c74ef60c72_7d7c1e060e4d7d65.jpg

 

 

 

သတင်း အချက်အလက်