(၁၆.၁.၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တို့ပါဝင်သော အဖွဲ့ဖြင့် မုံရွာမြို့၊ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များဖြစ်သည့် ကျောက္ကာ ရွှေဂူဖြူဂိတ်၊ အက်တောစစ်ဆေးရေးဂိတ်၊ အလုံစစ်ဆေးရေးဂိတ်နှင့် မုံရွာ-မန္တလေးစစ်ဆေးရေး ဂိတ်များကို လိုက်လံကြည့်ရှု့ စစ်ဆေးပြီး Hand Sanitizer ဘူးများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် မုံရွာမြို့ လူငယ်စင်တာတွင် ဖွင့်လှစ်ထားရှိသော Fever Clinic သို့ သွားရောက်စစ်ဆေးကြည့်ရှု့ပြီး 3M N95 Mask များလှူဒါန်းခဲ့ပါသည်။

(၁၇.၁.၂၀၂၁)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းသည် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တို့ပါဝင်သော အဖွဲ့ဖြင့် ချောင်းဦးမြို့ စည်ပင်သာယာဈေး၌ Mask Campaign များပြုလုပ်ခဲ့ပြီး CBFQ ထားရှိသော ချောင်းဦး အထကသို့လည်းကောင်း၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ဆင်ဖြူရှင် တံတားနှင့် ချောင်းဦး-မန္တလေး မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်၊ ခင်မွန်ဂိတ်တို့အား လည်းကောင်း အသီးသီး လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

17-1-2021sggcovidnews0317-1-2021sggcovidnews0417-1-2021sggcovidnews0517-1-2021sggcovidnews0617-1-2021sggcovidnews0717-1-2021sggcovidnews08

သတင်း အချက်အလက်