စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် မုံရွာမြို့ ဘုရားကြီးရပ်ကွက်ရှိ သိန်းတရာရွှေဆိုင် မိသားစုတို့မှ COVID-19 ရောဂါကာကွယ်ရေးအတွက် ပေးအပ်သော အလှူငွေကျပ်(၁၃၄၅၀၀၀၀)ကို လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ COVID-19ရောဂါကာကွယ်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပေးမှုနှင့် စပ်လျဥ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလှူရှင်မိသားစုတို့အား ဝမ်းသာကြည်နူးပီတိဖြစ်မိပါကြောင်းနှင့် အားလုံး ဝိုင်းဝန်း လှူဒါန်းပေးတဲ့အတွက်လည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်သာဓု ခေါ်ဆိုပါကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

18.1.2021sgg0318.1.2021sgg04

သတင်း အချက်အလက်