(၁၆-၁-၂၀၂၁) ရက်နေ့၊ (၀၉၀၀) နာရီအချိန် ရွှေဘိုမြို့၊ ရန်ကြီးအောင်မြို့တော်ခန်းမ၌ COVID-19 ကာကွယ်ဆေးဝယ်ယူရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အလှူရှင် သီဟသုဓမ္မသိင်္ဂီ ဒေါ်နွဲ့နွဲ့ (သမီး) သီဟသုဓမ္မသိင်္ဂီ မလတ်မျိုးစော၊ ရွှေနဂါး ရှော့ပင်းစင်တာ မိသားစုမှ ငွေကျပ်သိန်း(၁၀၀၀)၊ သုဓမ္မသိင်္ဂီ ဒေါ်တင်နု ရုပ်ပျိုကုမ္ပဏီ လီမီတက် မိသားစုမှ ငွေကျပ်သိန်း(၅၀၀)နှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေ (၁၃၈.၅)သိန်း စုစုပေါင်း အလှူငွေကျပ် (၁၆၃၈.၅)သိန်းကို လက်ခံရရှိခဲ့ပါသည်။

အဆိုပါ လှူဒါန်းငွေများအနက် ငွေကျပ်သိန်း(၁၅၀၀)အား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ COVID-19 ကာကွယ်‌ဆေးဝယ်ယူ ရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ငွေစာရင်းအမှတ်၊ OA-013733 မြန်မာ့စီးပွားရေး ဘဏ် (နေပြည်တော်)သို့ လွှဲပြောင်းပေးပို့လှူဒါန်း ထားပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသော လှူဒါန်းငွေ(၁၃၈.၅)သိန်းနှင့် ရွှေဘိုမြို့သူ/သားများ၏ ထပ်မံ လှူဒါန်းငွေများကို စုစည်း၍ ဆက်လက်ပေးပို့လှူဒါန်းသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

21-1-2021sggnews0121-1-2021sggnews0221-1-2021sggnews03

သတင်း အချက်အလက်