မုံရွာ ၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃)ကို စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမူစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးအပြည့်အဝရှိရန် လိုအပ်ပါ၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးစေရေးကို ခရိုင်/မြို့နယ်များတွင် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိများအနေဖြင့် ပေးအပ်ထားသည့်တာဝန် ရှိများကို ကျေပွန်အောင်ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာအသီး သီးရှိဝန်ထမ်းများသည် ပြည်သူများ၏အကျိုးကိုဖော်ဆောင် ပေးနိုင်ရမည်ဖြစ်၍ ပြည်သူ့အကျိုး နှင့်ပတ်သက်လာပါက မှန်မှန်ကန်ကန်ပြောဆိုဆက်ဆံကာ အကောင်အထည်ဖော်မှုများပေး သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေများနှင့်အညီ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ်တွင် လည်း အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ပြီး မိမိတို့ခရိုင်/မြို့နယ်များ အတွင်းဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်သွားကြရန်နှင့် စားအုံးဆီများအား သက်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အမှန်တကယ်စားသုံးမည့်  ပြည်သူများလက်ဝယ် အရောက် ရောင်းချပေးရေးကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေး နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-06-469b90e535618d4cd703aa48d9ea215d9ec7e7e71477213c79122b5b2a2d8b4b_a3e0713a9d2d3a5a.jpg

0-02-06-c0a96c91a53e209b953acb9c63cbfce5013b9b88b174c3a5b27abf7f848e749f_66cd6e96c0dfa0f0.jpg

0-02-06-df74123545ebbc93bf8bba8d5aca47171dff3ba0f4b96268ac9779351098ce79_ce836750dcd36449.jpg

 

 

 

မုံရွာ ၊ စက်တင်ဘာ ၁၉

မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများတွင် ဝါတွင်းကာလအတွင်း သီတင်းသုံးနေကြသော ဆရာတော်၊သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးနှင့် စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက် စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လယ်တီတိုက်သစ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ် သော ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ  ( ၅ ) မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ လယ်တီတိုက်သစ်ကျောင်းတိုက် ဘဒ္ဒန္တသုနန္ဒ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီခံယူဆောက်တည်ကြပြီး ပင့်သံဃာ ဆရာတော်ကြီး များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်ကြီး များထံ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။  ဆက်လက်၍ လယ်တီတိုက်သစ် ကျောင်းတိုက် ဘဒ္ဒန္တသုနန္ဒ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လယ်တီတိုက်သစ်ကျောင်းတိုက် ဆရာတော်ကြီးနှင့် သံဃာတော်၊ အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက်ရှိ တော်ဝင်ဘုံစံ ကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တနန္ဒိယ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။ အဆိုပါ မုံရွာ မြို့ပေါ်ရှိ လယ်တီတိုက်သစ်ကျောင်းတိုက်နှင့် တော်ဝင်ဘုံစံကျောင်းတိုက်များရှိ ဆရာတော်၊ သံဃာတော် ၃၈ ပါးအတွက် ၁ လစာ ဆွမ်းဆန်တော် - ၁၂ အိတ်၊ ဆီ - ၂၂ ပိဿာ ၊ ဆား - ၉ ပိဿာ ၊ ကုလားပဲ - ၂၂ ပိဿာ နှင့် ကြာဇံ - ၉ ပိဿာ တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

0-02-06-b5867a0a70e1523aa618ba9f3818b933a15dd794cf82b37dd478aec01d24f685_38d677d0464ff9ff.jpg

0-02-06-2f2a75b71651525f2617fcef71436b4a19a4f15187ca9c892f2c70dbe1f6ed7d_c48af6680126a19.jpg

0-02-06-84da8ad7a3127af284a2564ce1b02af2f46a6aaa83152711f8ae7e680d84db90_2f0ea4558a2db2ef.jpg

 

မုံရွာ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူများ တက်ရောက်ကြသည်။ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိန်းကလေးငယ်များအား အသက် (၉)နှစ်အရွယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာ ကွယ်ဆေး(HPV)ထိုးနှံပေးခြင်းအားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့်စတင်ထိတွေ့ခြင်းမရှိမီအချိန် တွင်ကြိုတင်ကာကွယ်ထားနိုင်ပြီး သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ရေး ရည်မှန်းဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ ရောဂါ ကူးစက်မှုအား ကာကွယ်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၉)နှစ်မှ(၁၂)နှစ်ကြား ကျောင်း သူများနှင့် ကျောင်းပြင်ပ မိန်းကလေးငယ်အားလုံး ကိုရှာဖွေထိုးနှံပေးသွားကြရန် လိုအပ်ပါ ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထ မြောက်အဖြစ်အများ ဆုံးကင်ဆာဖြစ်ပြီး အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သည့် အမျိုး သမီးများမှာတော့ တတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ကျောင်းအခြေပြုထိုးနှံချိန်တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံရန်အကျုံးဝင်သည့် ကျောင်းသူများစာရင်းအား ပညာရေး ဌာနနှင့်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ပြည်သူလူထုအခြေပြု သား အိမ်ခေါင်းကင် ဆာကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်ပူးပေါင်း၍ အကူအညီအားရယူ၍ VMIS မှ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် မိန်းကလေးများစာရင်းအားပြုစုခြင်း၊ ဆေးထိုးချိန်တွင် ဆေးထိုးစုရပ်ပြင်ဆင်ခြင်း၊ ကာကွယ် ဆေးများဖြန့်ဝေခြင်းအစရှိသည့် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များအား ဌာနသီးသီးမှ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သားအိမ်ခေါင်း ကင်ဆာထိုးနှံခြင်း Video Clip အား ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်း သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးနေမှု များအားကြည့်ရှုအားပေးပြီး တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ ကြောင်း သိရသည်။

0-02-06-ac30dd2ed34f92cb2f591fa985b220d1249ca38badb431483ba2a21aab4be766_48476252ea2c02bc.jpg

 

0-02-06-c647ac2aadd49f05de62e282a2504109d6c2be173f402aa107656c40270254c7_388d1994a23bd4b.jpg

0-02-06-281c8eef3aa9fecfb8a1ceda2f2f702872619a7a48d5ae45447e15c74ef60c72_7d7c1e060e4d7d65.jpg

 

 

 

မုံရွာ ၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊အရေး အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ် များနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ဦးတည်ချက်(၄)ရပ်အား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင် ဘာသာရပ်အစုံအား အတန်းလိုက်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအား တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန်နှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ပူးပေါင်းပါဝင် ဖြည့်ဆည်းပေးသွားမည်ဖြစ် ပါကြောင်း၊ စခန်းသွင်း လေ့ကျင့်သည့်ကာလအတွင်း လေ့ကျင့်မှုအပြည့်အဝရရှိစေရန် အချိန်ကို တန်ဖိုးထားပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အရည်အချင်းကောင်းများနှင့် ပြည့်စုံထူးချွန်ထက်မြက် သည့် ပြိုင်ပွဲဝင်များဖြစ်အောင် လေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ အနုပညာရှင်ကြီးများ မှလည်း မိမိတို့၏မျိုးဆက်သစ်များအား ရွှေတံဆိပ်ဆုများ ရရှိအောင်သင်ကြား၊ ပို့ချ၊ လေ့ကျင့် ပေးသွားကြရန် ပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲဝင်အားလုံးအနေဖြင့်လည်း အနုပညာရှင် ဆရာကြီး/ဆရာမကြီးများ၏ သင်ကြားပို့ချပေးမည့် သက်မှတ်ပြဌာန်းထားသော သီချင်း အပုဒ်ရေအားလုံးအား ကျွမ်းကျင်ပိုင်နိုင်အောင် အနားမနေကြိုးပမ်း အားထုတ် သင်ယူလေ့ကျင့် သွားကာ ဇွဲ၊ စိတ်ဓါတ်ပြင်းထန်စွာဖြင့် ကြိုးစားသင်ယူ လေ့ကျင့်ပြီး ကျန်းမာရေးကောင်းမွန် နေစေရန် အနေအထိုင်၊အသွားအလာနှင့် စားသောက်မှုကိစ္စများအား အသိ/သတိရှိစွာဖြင့် နေထိုင်သွားကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆင့်မြင့်ပညာနှင့် ဝါ(ဒု) ကျား/မ အကပြိုင် ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ၁၀-၁၅၊ ဝါ(ဒု)နှင့် အဆင်မြင့်ပညာ မဟာဂီတ (ကျား/မ) အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က ၁၀-၁၅ ၊ အဆင့်မြင့်နှင့် ဝါ(ဒု) ဝါ(ပ) ကျား အရေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းမှ ၁၀-၁၅ ၊အဆင့်မြင့်နှင့် ဝါ(ဒု)ကျား ဆိုင်းတစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ် များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်ပြီး စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဦးစိုးမြင့်အေးက ၁၀-၁၅ ကျား/ မ အက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူ များအားလည်းကောင်း၊ ပညာရေးတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော် က ၁၅-၂၀ ကျား အက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ ဖွံ့ဖြိုးရေးဒီဂရီ တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဦးအောင်သိုက်ထွန်းက ၁၅-၂၀ မ အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာ ညွှန့်စိုးက ဝါ(ဒု)၊ဝါ(ပ) အက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအားလည်းကောင်း၊ သမဝါယမနှင့် စိမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ၁၀-၁၅၊ အလွတ်တန်း ကဗျာလွတ်အကနှင့် ကျေးလက်ရိုးရာ အကပြိုပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ အား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး ဦးကြည်စိုးက ဝါ(ဒု) ဝါ(ပ) မဟာဂီတ ကျား/မ အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ ပညာရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး ဒေါ်မေမြတ်ခိုင်က ၁၀-၁၅ ခေတ်ဟောင်းကာလပေါ် ကျား/မ အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ အား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၁၅-၂၀ ၊ အဆင့်မြင့်၊ ဝါ(ဒု) ဝါ(ပ)၊  ခေတ်ဟောင်း ကာလပေါ် ကျား/မ ၊ အမျိုးဂုဏ်/ဇာတိဂုဏ် ကျား/မ အဆိုပြိုင် ပွဲများနှင့် ပတ္တလား၊ စန္ဒယား၊ စောင်း၊ နှဲ၊ တယော၊ ဂီတာ၊ ပုလွေ၊ ကွက်စိပ်၊ ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ်များအား အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ဆုရပြိုင်ပွဲဝင်အနုပညာရှင်များက အဆို၊ အက၊ အတီးများဖြင့်  ဧည့်ခံဖျော်ဖြေကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊အရေး၊ အတီးပြိုင်ပွဲအား စက်တင်ဘာ လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပခဲ့ရာ ပထမဆု - ၅၅ ဦး၊ ဒုတိယဆု - ၂၇ ဦး၊ တတိယဆု - ၁၅ ဦး၊ အထူးဆု - ၂ ဦး စုစုပေါင်း - ၉၉ ဦးအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

0-02-06-2ba1ffec5d9ef30308de4347906c99797e506a2eb407685a73abe9a7b2ab6d2a_3fbc4332d828fc70.jpg

0-02-06-966c45e203b01949cad5ec65fe09cfb948cbe8b7602ef32db27a358fc11dc591_d7992fc4d9505f46.jpg

0-02-06-569d3fb9829489afc27f25f57ed759bc345c7b8a5fec64cd767968c4bfa98038_8d1089d062861771.jpg

0-02-06-79ba1a85cee344d6710ff3384f993cee7de1dcae6e197bee21ac948072ea7676_236c868ad5f4ec99.jpg

0-02-06-68c1c21a8b18249d19b26506ba41f5cdc630e189bbc4630b715551607d775033_4e3af67f81196fc8.jpg

0-02-06-0368029ec221b27a72d510e752bd6b691bd33971beb155a4709a29a69bbccc67_cd14f5e214c78a33.jpg

0-02-06-5cd39e6056edf60ab5fb3118613d7c1588f06c95d8246e675c8ce620da42f849_198e25626c46091b.jpg

0-02-06-5733f9c365375945ee2be57b51c7e915257e6a7351cb8f1beceb6de186ef8780_60085d1fb6973cd0.jpg

0-02-06-19710803eff9727755dd79570c9525db8a05701ea6415f686cf864692cbfe5e4_702333f2144370ca.jpg

0-02-06-2214628972b5dcda31daab20b3be7c09acf6aa19669c2a72e763b13e860c9004_aeb0af1ac49b05a.jpg

0-02-06-5f47928b950d84ef56d2be3050e84ebe867abb198df2d54d5db71b1d30b5ad07_154ca65d4fe4d70.jpg

0-02-06-7105c7ace18966ffaa5a85a235d4cd904b1abcdea224b1a275d413ecc1ddc211_b59ff0f48851135f.jpg

0-02-06-8ceb679910375a5f74dce60800327c871aa69d81a3f1a7e46c89c4adabfdd1e4_266b2ba8f1de4459.jpg

မုံရွာ ၊ စက်တင်ဘာ ၁၆

စစ်ကိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ ရတနာစေတီဆင်များရှင် ဘုရားကြီးသို့ လာရောက်ဖူးမျှော်ရာတွင် စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်ရေးနှင့် ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးအတွက် စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရားကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ စည်ပင်သာ ယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ စုပေါင်း၍  စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေး အဖွဲ့များ စုစုပေါင်းအင်အား ၃၀၀၀ ဦးကျော်ဖြင့် ဘုရားစေတီပုထိုးများနှင့် မြို့သန့်ရှင်း သပ်ရပ် သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

0-02-06-af54ec4835153bbb6080813b28984bf15d1fe917c55e772f4d3009c35888f744_c032bde60ab37068.jpg

0-02-06-0fd95fad0dfd9fd5f0704d08ac2af90c89c868325dda04eb1c79f72d21ba91d6_a91c2680eaa81fc7.jpg

 

 

မုံရွာ ၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ  စက်တင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းက  သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။   ထို့နောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့အိုဇုန်းလွှာ နေ့ ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်း လွှာနေ့ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်း သား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီး မြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်း လွှာနေ့ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရေ/လေအရည်အသွေးစစ်ဆေးရေး ကိရိယာများနှင့် ဆုရပန်းချီများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

0-02-06-de2825741606bda24e422a6a09e74e4b1737e21ba69ddee051ec4f4f1ea396ca_6eb21a3550c13889.jpg

0-02-06-e7e2dc3a4e35e9d7df20a43413c7698b869cf4e64bf71d0fa2c7bf53547e5a3f_1ab53a232c650529.jpg

0-02-06-b0d843a77af71eeec30b09a1fb6addbb8dc226d9264a2fb87bb1f513eb772a59_e412d5c798ed27a0.jpg

0-02-06-94b5d68c88bef59e8dedd65b04b8f9a36f803fd58598b3ae8ed6aeb4559d6aa7_3c022cd50aa7fa6e.jpg

0-02-06-9d4bb0dc58d3208de8bbd9be0ba194710919a72d145627b7b5ceef7a1b8f0197_ad9e78fae106a48e.jpg

0-02-06-4dc6d6ae6f25d65ccdd19541c298fc8c7d631d62e00158a9712125fa3a0f1550_a7d7f55855c97d22.jpg

 

 

 

 

သတင်း အချက်အလက်