မုံရွာ ၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖွံ့ဖြိုးတိုးတက်မှုအား လူမှုစီးပွားဆိုင်ရာ စာရင်းအင်း အချက်အလက်များကိုဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက် များ တိတိကျကျမှန်မှန်ကန်ကန် ရရှိနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များအား အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ဆက်စပ်ဌာနများနှင့် မြေပြင်တွင်ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ များပြား သည့်အတွက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအောက်တွင် လုပ်ငန်းများအချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင် တိုက်ရိုက်ညွှန်ကြားကွပ်ကဲနိုင်မည့် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီမှ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်း ဆောင်ရွက် ထားရှိပါကြောင်း၊ သန်းခေါင်စာရင်းအား အောင်မြင်စွာကောက်ယူနိုင်ရန်နှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံ လာနိုင်သည့် အခက်အခဲများအား ကြိုတင်ပြင်ဆင်ထားနိုင်ရန်  စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း မုံရွာမြို့နယ်ရှိ ရပ်ကွက်(၂)ရက်ကွက်နှင့် ကျေးရွာ(၈)ရွာတွင် ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်  သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် တစ်ခုလုံးပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူ၍ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည့် အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ဆက်လက်ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက မုံရွာမြို့ပေါ်ရှိ ရပ်ကွက် ၁ ရပ်ကွက်နှင့် ကျေးရွာ ၂ ရွာတို့တွင် စာရင်းကောက်ကွက်ပေါင်း ၁၀ ခုတွင် စာရင်းကောက်ကွက်တစ်ခုလျှင် အိမ်ထောင်စု ၁၂၅ စုခန့်၊ စုစုပေါင်း ၁၂၅၀ စုခန့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-03-a4e20ecd46e8723805ada8cf5e8a1d44763ad3340f5b1bf540c00b4691b3e968_991749c8b331d7d2.jpg

0-02-03-ca58e4548f7a59dc532e10850ab30c5072f041a3592ca6213d6592f50419b5fd_17ac417124f014e1.jpg

0-02-03-f7f6af7ef5f2286d74985fb02f1ec07a6c85b1d65c7f1422a944931714a5eb5a_35410982e7d5fdb4.jpg

 

 

 

 

 

 

 

 

မုံရွာ စက်တင်ဘာ ၉

 ပြည်သူ့ဆေးရုံကြီးများပတ်ဝန်း ကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် ပြည်သူများစိတ်နှလုံးအေး ချမ်းစွာဖြင့် ဆေးကုသမှုခံယူစေနိုင်ရန်အတွက် ရည်ရွယ်၍ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက် ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ စုပေါင်း၍  စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘို တောင်ရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့၊ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ စုပေါင်း၍ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများဆောင်ရွက်မှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၃၂ မြို့နယ်တို့တွင် တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင် သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၄၂၀၀ ဦးကျော်ဖြင့် ပြည်သူ့ဆေးရုံကြီးများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

0-02-06-766dac81348866eb05d9b75889d47568414b7ed298e90e0ad63ebc33f942686d_1921e0f0952cd165.jpg

0-02-06-fb7d05457c85ddeadad6f3cb2ecc49263875b72a3c787476ccad3e1492e391bb_a4caacfeaece6606.jpg

0-02-06-aa67425a873b9b865a15ac4f68e6c34b014d5e9547771e8c4a8f7a6f72ba73a0_f85be0878782054e.jpg

0-02-06-75db95805f5eeefebf6778aaa69cf813275cebe4a84a478e1e254f8d945480d5_338bd879938d0e79.jpg

0-02-06-673d10a8ba2587c5be66a1b9c7e38c9eb420c682d726bf123e149f67ce98d0e5_41b5e7ca8c30268a.jpg

0-02-06-fca26b99649303619e09b8ca51d2407f5cc379dfca0bdce330da07d788466380_acfb0d96f6ce88a6.jpg

0-02-06-5734a9d0e325d2ab16bea4c6d4ae7df80ab742bfc546de30ac2880b381c0e0e8_d3538eaf7e157eea.jpg

 

 

 

 

 

 

 

 

 

 

 

မုံရွာ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မုံရွာမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ ဝထကလသ ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် စာမတတ်သူ များရှိနေသည့်အတွက် စာမတတ်သူများအား စာတတ်မြောက်သူများဖြစ်လာစေရေး စာတတ် မြောက်ရေးလုပ်ငန်းအား ပိုမိုထိရောက် ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ(၈)ရက်နေ့အား "နိုင်ငံတကာစာတတ်မြောက်ရေးနေ့" အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတတ်မြောက်ရေး လုပ်ငန်း သည် အဓိကအရေးပါပြီး ကြီးမားကျယ်ပြန့်သည့် လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ကျောင်း သင် ပညာရေး တစ်မျိုးတည်းသာမကဘဲ ပညာသင်ယူမှု နည်းလမ်းသုံးသွယ်ဖြစ်သည့် ကျောင်းတွင်း ပုံစံတကျသင်ယူခြင်း၊ ကိုယ်တိုင်သင်ယူခြင်း၊ ကျောင်းပြင်ပသင်ယူခြင်းတို့ဖြင့် စာတတ်မြောက် သူ ပိုမိုတိုးပွားလာအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စာတတ်မြောက်မှုမှတစ်ဆင့် အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာ များရရှိသည်အထိ သင်ယူမှုချဲ့ထွင်သင်ယူသွားကြရန်နှင့် စာပေကိုအခြေခံပြီး မိမိကိုယ်တိုင်အတွက် သာမက မိမိတို့၏မိသားစုအတွက်ရော နိုင်ငံ အတွက်ပါ အကျိုးပြုပေးနိုင်သည့် လူသားအရင်းအမြစ်များ ဖြစ်လာအောင် ကြိုးပမ်းအားထုတ် သင်ယူသွားကြရန်လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးကျောင်းနေရေးနှင့် ကျောင်းနေ မြဲရေးအပါအဝင် စာမတတ်သူ ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးသူငယ် များ၏ ပညာသင်ယူမှုအခွင့် အလမ်းအားနည်းချက်များ၊ အတားအဆီးများအားသိရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူအားလုံးမှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် သင်ယူမှု အခွင့် အလမ်းများရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် က ကမ္ဘာ့ကုလသမဂ္ဂမှပေးပို့သည့် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ စာတ်မြောက်ရေးလှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက အထက်တန်းနှင့် အလယ်တန်းအဆင့် ကဗျာပြိုင်တွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များအားလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအားလည်းကောင်း ဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မုံရွာမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ စေတနာပန်းတို့ လန်းရာမြေ ” သီချင်းသီဆိုပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက သီဆိုဖျော်ဖြေခဲ့ ကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူး ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေး ကာ ပြခန်းတွင်ပြသထားသော နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆုရ စာစီစာကုံး၊ ကဗျာ၊ ပန်းချီများနှင့် မှတ်တမ်းဓါတ်ပုံများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-06-f45ebb80ea0ab9d589dfd79786a6b8ce2e52c818827bcf075043b7ff37666cae_7057bb9d9690e8.jpg

0-02-06-ae63b32ce87446d2df14af5d460fb378ae04d584c892dd5180afbb5ac1a71bff_3616f364a1516cb2.jpg

0-02-06-7039c2dc50139f60f04ef37459740437ce339103ca4a3f62998a53f37aecc8c4_ade8d10459763a5a.jpg

0-02-06-4370c34aae2054f6d340d520b9823064f9a9c61ade821149b89c847d57057b63_dbb448cc89325675.jpg

0-02-06-fc3f261cbc66c0c65e03e93b8b4186c3702941ab30ae7697c2a98ee4841e9b05_1a12e2adeef8003a.jpg

0-02-06-aa2ac63c91741e608ab0968ec9f567ea0aaf80bfdce286c82da8f5b8a004d80a_56dd919fe72361d1.jpg

0-02-06-395fa686e7c95b4d6d24a9bb0e5c28958d52db2766526d8b1df64c2a0055a931_5ffc37084c301ee9.jpg

 

 

မုံရွာ စက်တင်ဘာ ၇ ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါကြွယ်ဝစေရေး၊ ပြည်သူများငါးစားသုံမှုဖူလုံ စေရေးနှင့် ငါးမျိုးစိတ်များရှင်သန်ပေါများစေရေးတို့အတွက် ရည်ရွယ်၍ စက်တင်ဘာလ ၇ ရက်နေ့၊ နံနက် ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစုမျိုးသွယ်က ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ - ၂ သိန်းနှင့် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ - ၁ သိန်း၊ စုစုပေါင်းကောင်ရေ ၃ သိန်းအား ချင်းတွင်း မြစ်အတွင်း တပျော်တပါး စိုက်ထည့်ပေးခဲ့ကြပြီး ယခုနှစ်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ - ၄၂၅၀၀၀ (လေးသိန်းနှစ်သောင်းငါးထောင်) ကောင်နှင့် ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေ - ၄၅၀၀၀၀ (လေးသိန်းငါးသောင်း) ကောင်၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ - ၈၇၅၀၀၀ (ရှစ်သိန်းခုနှစ်သောင်းငါးထောင်)ကောင် အား စိုက်ထည့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူလူထု၏ စားရေရိက္ခာ ပြည့်ဝစေရေးအတွက် အဓိကကျသည့် ဆန်၊ဆီနှင့်အခြေခံ စားသောက် ကုန်ဈေးနှုန်းများတည်ငြိမ်ရေး ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန် ရည်ရွယ်၍ သား၊ငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် ဆောင်ရွက်ပေးနေသကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် စည်ပင်သာယာဈေးများတွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများအနေဖြင့် အလွယ်တကူ ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးမွေးမြူမှုများမှ တိုက်ရိုက် ရောင်းချခြင်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊မိမိတို့တိုင်းဒေသကြီးသည် ဆန်စပါးဖူလုံရုံသာမကပိုလျှံမှုရှိသဖြင့် ဆန်ဈေးနှုန်းများအား သင့်တင့်မျှတပြီး တည်ငြိမ်စေရန်၊ ဈေးကစားလိုသည့်သဘောဖြင့် သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမဖြစ်စေရေး အားလုံးဝိုင်းဝန်းထိမ်းသိမ်းရန် လိုအပ်ပါကြောင်း၊ စားသုံးဆီနှင့်ပတ်သက်ပြီး သင့်တင့်သည့် ရည်ညွှန်းဈေးနှုန်းအား သတ်မှတ်ကာ ဖြန့်ခွဲပေးထားပြီးဖြစ်၍ ဖြန့်ဖြူးသည့်အရေအတွက်နှင့် ရောင်းချသည့်ဈေးနှုန်း များ မှန်ကန်မှုရှိစေရေးတာဝန်ရှိသူများမှ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းများ မြင့်တက်ခြင်း၊ ဈေးကစား ခြင်း၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ကာ ကုန်စည်အဝင်အထွက် မျှတမှုရှိ/မရှိတို့အား စောင့်ကြည့်စစ်ဆေးပေးနေရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များအား အောင်မြင် အောင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်နှင့် ကုန်ထုတ်လုပ်မှု တိုးတက်လာစေရန် အတွက် လိုအပ်သည့် ပံ့ပိုးမှုများပေးခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စီးပွားရေးနည်း၊ စည်းရုံးရေးနည်း၊ စိစစ်ကြပ်မတ်နည်းတို့ဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနများအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်နေမှုလုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ကုန်သည်လုပ်ငန်းရှင် များမှ မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်/မြို့နယ်များ အတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ အား ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု လုပ်ငန်း များနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-06-7b10d5c0675146e8563fdc67610651225682997663df42b73f217809a90d0a27_cba0f4eca5cdd943.jpg

0-02-06-7b10d5c0675146e8563fdc67610651225682997663df42b73f217809a90d0a27_cba0f4eca5cdd943.jpg

0-02-06-0187757a7f8cdf6796c30f7f8101bdaf15c0ac9c73e61f8fe3537c88d67cbe17_28f274c7480ceb87.jpg

0-02-06-444ca36dbe950bd829e12ed730cca1cc86f40f214e99a75d6f450a92bf36e6e4_d685990532fa16a1.jpg

 

 

 

မုံရွာ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ လမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့အား အနောက်မြောက် တိုင်းမြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စွာ သာယာလှပစေရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးစသည့် လုပ်ငန်းများအပြင် အခြားသောဖွံ့ဖြိုးရေး အထောက်အကူပြု လုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေးအခန်း ကဏ္ဍများလည်း တစ်ဆက်တည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ လမ်းများဖွံ့ဖြိုး တိုးတက်မှသာ မြို့ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မုံရွာမြို့၏ ဖွံ့ဖြိုးတိုးတက်သာယာလှပရေး၊ တိုင်းဒေသကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်သာယာလှပရေး လုပ်ငန်းများအား မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းသစ်မုဒ်ဦး ရှေ့တွင် တာဝန်ရှိသူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်း သစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက် လံနုတ်ဆက်ခဲ့ကြသည်။

 အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်သည် အလျား - ၂၄၇၀ ပေ၊ အကျယ် - ၁၈ ပေ၊ ထု ၃ လက်မခွဲနှင့် ပိတောက်လမ်း အရှည် - ၂၄၆၀ ပေ၊ အကျယ် - ၁၈ ပေ၊ ထု ၃ လက်မခွဲဖြစ်ပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော လယ်ယာမြေကို  ခွင့်ပြုချက်မရှိဘဲ  အခြား နည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများလုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating  Procedure–SOP)ရေးဆွဲပြုစုရေး တိုင်းဒေသကြီး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ (Standard Operating Procedure–SOP)ရေးဆွဲပြုစုရေး တိုင်းဒေသကြီး လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ပေးထားသည့်  လုပ်ငန်းတာဝန်များအား ဆိုင်ရာဥပဒေ၊ နည်းဥပ ဒေလုပ်ထုံးလုပ်နည်းများနှင့်  ချိတ်ဆက်ပေါင်းစပ်ပြီး လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသည့် ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်မှုများအား  စနစ်တကျလေ့လာဆန်းစစ်၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးအား ဆောင်ရွက်ရာတွင် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမြေဖြစ်သည့် လယ်ယာမြေ များဥပဒေမဲ့ မလျော့ပါးစေရေးကိုလည်း သတိပြုရန်လိုအပ်ပါကြောင်း၊

စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် တိုးပွားလာသည့် ပြည်သူလူထုအတွက်  နေထိုင် နိုင်ရန်၊ မြေနေရာလုံလောက်ပြီး၊ တိုင်းပြည်၏တိုးတက်ဖွံ့ဖြိုးလာသည့် စက်ရုံအလုပ်ရုံများ အတွက် မြေနေရာအသုံးပြုနိုင်ရေးတို့အားအခြေခံပြီး အဆိုပါလိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့် (Standard Operating Procedure – SOP) ပေါ်ထွက်လာရေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ကြရမည့် (Standard Operating Procedure – SOP)ရေးဆွဲခြင်းတွင် ယခင်ကာလများမှဖြစ်ပေါ်ခဲ့သည့်  အခြေအနေအရပ်ရပ်နှင့် ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအပေါ် လေ့လာသုံးသပ်ပြီး နောင်ထပ်မံမဖြစ်ပွားစေရေး အလေး ထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် (Standard Operating Procedure–SOP)ရေးဆွဲပြုစုရေး တိုင်းဒေသကြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လယ်ယာမြေကို  ခွင့်ပြုချက်မရှိဘဲ  အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများလုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure–SOP) ရေးဆွဲ ပြုစုရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ (Standard Operating Procedure–SOP)ရေးဆွဲပြုစုရေး တိုင်းဒေသကြီး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းလွင်က လယ်ယာမြေကို  ခွင့်ပြုချက်မရှိဘဲ အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများလုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating  Procedure–SOP)ရေးဆွဲပြုစုရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။  ထို့နောက် (Standard Operating Procedure–SOP) ရေးဆွဲပြုစုရေး တိုင်းဒေသ ကြီးလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များက ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

 

 

မုံရွာ စက်တင်ဘာ ၅

အစဉ်အမြဲတိုးတက်နေသည့် နည်းပညာများအား အမီလိုက်နိုင်ရန်နှင့် မိမိတက်သိထား သောပညာရပ်များဖြင့် ဖန်တီးနိုင်သည့် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု ပရောဂျက်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် အရည်အသွေးပြည့်၀ သော IT ပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ဆမအကြိမ် ပရောဂျက်ပြပွဲ အခမ်းအနားကို စက်တင်ဘာ လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမော က္ခချုပ်၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကမ္ဘာသည် IT နည်း ပညာ အားအသုံးချပြီး အသစ်၊အသစ်သောနည်းပညာများအား အပြိုင်အဆိုင် ပြုလုပ်လျှက်ရှိပါ ကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် အစဉ်တစိုက်အားထုတ်ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရန် စက်မှု လက်မှုလုပ်ငန်းများတွင် အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်များအား ပြုစုပျိုး ထောင်ပေးရန် လိုအပ်သကဲ့သို့ အမြော်အမြင်ကြီးမားပြီး၊  စိတ်ကောင်းနှလုံးကောင်းရှိသည့် နိုင်ငံ သူ၊နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့်အတန်းမီ ပညာရေးစနစ်ဖြစ်လာစေရန် သုတေသနလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှုများ၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များအား နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ကျောင်း သူများ၊ ဆရာ၊ဆရာမများအနေဖြင့် အလေးထားကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊

ကမ္ဘာတဝှမ်းမှ တိုင်းပြည်များတွင်လည်း ပြည်သူလူထုအား ဝန်ဆောင်မှုတိုးမြှင့်နိုင် ရေးအတွက် ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်မှုအား အရေးကြီးကဏ္ဍအနေဖြင့် ဦးစားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသားအားလုံးအနေဖြင့်လည်း ဒစ်ဂျစ်တယ် နည်းပညာအား ကျွမ်းကျင်စွာအသုံးပြုတတ်သူများ ဖြစ်လာစေရန်လိုအပ်ပြီး ဆန်းသစ်တီထွင်မှုများအား အမြဲမပြတ်လုပ်ဆောင် သွားကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်လုပ်ဆောင်ကြရမှာဖြစ်သည့်အတွက် နိုင်ငံတော်မှ အားထားရသည့် ထူးချွန်ထက် မြက်သော IT လူ့စွမ်းအားအရင်းအမြစ် ပညာရှင်များဖြစ်လာကြစေရန် တိုက်တွန်းပြောကြေား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပါမောက္ခချုပ်ထံ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသော ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား၊ကျောင်းသူများ ကိုယ်တိုင် တီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်း ၂၃ ခန်းတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။  ၉.၅_2.jpg

သတင်း အချက်အလက်