မုံရွာ ၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့နယ်၊ ကျွဲရဲ(တောင်)ကျေးရွာ၊ ဒက္ခိဏာရာမကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တ ဣကံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများ အသီးသီးဆက်ကပ် လှူဒါန်းကာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွဲရဲ(မြောက်)ကျေးရွာ၊ ညောင်ပင်သာကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တ သာသန ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများ အသီးသီးဆက်ကပ် လှူဒါန်းကာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွဲရဲ(မြောက်) ကျေးရွာအတွင်းရှိ ကောက်ကွက် ၃ ကွက်အား အဖွဲ့ ၅ ဖွဲ့ခွဲကာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကျေးရွာနေပြည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျေးရွာဖွံ့ဖြိုးလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမှုအား ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မုံရွာမြို့နယ်အတွင်းရှိ ရုံးကြီးရပ်ကွက်တွင် ကောက်ကွက် ၂ ကွက်၊ သပြေတောကျေးရွာတွင် ကောက်ကွက် ၁ ကွက်၊ ကော်လပြကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(တောင်)ကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(မြောက်) ကျေးရွာ တွင် ကောက်ကွက် ၃ ကွက် စုစုပေါင်းကောက်ကွက် ၁၀ ကွက်ဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျေးရွာများ ရှိဒေသခံပြည်သူများအား မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများအား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

၁၃၁.jpg

၁၃၂.jpg

၁၃၄.jpg

၁၃၆.jpg

၁၃၅.jpg

မုံရွာ ၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန် သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြား ရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက်ကန်သာယာ ကန်ပတ်လမ်း အရှည် - ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်း၊ လျှပ်စစ်မီးတိုင်များ တပ်ဆင်ခြင်းလုပ်ငန်း၊ ကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနှင့် စတီးလက်ရန်း များတပ်ဆင်သွားမည့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

င်းနောက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့်ကုမ္ပဏီများမှ တာဝန်ခံအင်ဂျင်နီယာများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေကြသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများဖြေ ဖျောက်စေနိုင်ရန် ကန်ပတ်ဝန်းကျင်အားသန့်ရှင်းသာယာလှပရေး၊ ကန်အတွင်းရှိကျွန်းများ ပေါ်တွင်ကစားကွင်းနှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်မည့်နေရာများ ထည့်သွင်းတည်ဆောက်ရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲစိမ်းလန်းစိုပြည်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အနောက်ဘက် ကန်သာယာကန်ပတ်ဝန်းကျင် နိုင်လွန်ကတ္တရာလမ်းခင်းခြင်း၊ လျှပ်စစ်မီးတိုင်များတပ်ဆင် ခြင်း၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အလှပန်းပင်များစိုက်ပျိုးနေမှုနှင့် မြေထိန်းနံရံ လုပ်ငန်းများဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

141.jpg

142.jpg

143.jpg

144.jpg

မုံရွာ ၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှု ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း မတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ရေနံလုပ်ငန်းရှင် ကုမ္ပဏီများ၊ စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊       ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းရှိ စက်သုံးဆီလုပ်ငန်းရှင်များနှင့် ယခုလိုဆွေးနွေးညှိနှိုင်းခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် တိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းရေး၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့တွင် စက်သုံးဆီသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ စက်သုံးဆီသယ်ယူရောင်းချမှု အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးရန် ယခုအစည်းအဝေးအား ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စက်သုံးဆီများ သယ်ယူရောင်းချရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်များတွင် ကြီးမားသောအခက်အခဲများ မရှိနိုင်သော်လည်း၊ တိုင်းဒေသကြီးအထက်ပိုင်းရှိ ကလေး၊ ကလေးဝ၊ တမူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့များသို့ စက်သုံးဆီများ လွယ်ကူချောမွေ့စွာရောက်ရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး မှ စက်သုံးဆီအရောင်းဆိုင်များသို့ လိုင်စင်ထုတ်ပေးထားရှိမှု အခြေအနေ၊ သယ်ယူပို့ဆောင်ခြင်း ကြီးကြပ်လက်မှတ်ထုတ်ပေးခြင်း၊ စက်သုံးဆီခွဲဝေဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ရေနံလုပ်ငန်းရှင် ကုမ္ပဏီ များနှင့် စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များက မိမိတို့လုပ်ငန်းများ၏ စက်သုံးဆီ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် စက်သုံးဆီရောင်းချမှုအခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန်လိုအပ်မှုများနှင့် ပတ်သက်၍ အသီးသီးဆွေး နွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ စက်သုံးဆီ သယ်ယူရောင်းချမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း စက်သုံးဆီသယ်ယူရောင်းချမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှတာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးအကြံပြု ဖြည့်စွက်တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်း အဝေး ကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

131.jpg

132.jpg

133.jpg

134.jpg

မုံရွာ ၊ အောက်တိုဘာ ၁၀

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနိုင်း အစည်းအဝေး ၄/၂၀၂၃ ကို အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေး ခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးတွင် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ လည်ပတ်သုံးစွဲခြင်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်း Standard Operating Procedure – SOP အား မတည်ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ/စည်းမျဉ်းစည်းကမ်း အသေးစိတ်များရေးဆွဲခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁၀)ဘီလီယံအား စိုက်ပျိုးရေး/မွေးမြူရေး နှင့်သက်ဆိုင်သည့် ကုန်ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များနှင့် သမဝါယမအသင်းများအား လုပ်ငန်းအမျိုးအစားများအလိုက် ချေးပေးရန် လျာထားသတ်မှတ်ထားခဲ့ပါကြောင်း၊ အတိုးရငွေများအား စနစ်တကျစာရင်းပြုစုပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း SOP တွင် သတ်မှတ်ထားသည့်အတိုင်း လုပ်ငန်းများသို့ပြန်လည်ထုတ်ချေးပေးနိုင်ရေးနှင့် လိုအပ်သည့် နိုင်ငံစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးစီမံ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များအား MSME လုပ်ငန်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး အလေးအနက်ထားဆောင် ရွက်ရန်လိုအပ်ပြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး/မွေးမြူရေးနှင့်သက်ဆိုင် သည့်ကုန်ထုတ် လုပ်ငန်းများအား ဦးစားပေးထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ သတ်မှတ် ကဏ္ဍများအလိုက် မတည်ချေးငွေများအား လျာထားချက်ပြည့်မှီစွာ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးနှင့် အရင်းမပျောက်မတည်ငွေများအား မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ချေးထားရှိမှုနှင့် ချေးငွေများဖြင့်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

121.jpg

122.jpg

124.jpg

125.jpg

126.jpg

မုံရွာ ၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၂/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များချမှတ်ပြီး   အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီး အတွင်း ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေးအတွက် ဘက်ပေါင်းစုံမှပေါင်းစပ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်တွင် နိုင်ငံတော်တာဝန်များအား ပခုံးပြောင်းထမ်းဆောင်ကြမည့် နိုင်ငံတော်၏ ခေါင်း ဆောင်များဖြစ်လာကြမယ့် လူငယ်လူရွယ်များအား အသိပညာ၊  အတတ်ပညာများ တိုးပွားရရှိအောင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်းများ တက်ရောက်နေကြသည့် လူငယ်မောင်မယ်များအနေဖြင့် လူငယ်ဘဝကတည်းမှ သင်ယူသင့်၊ သင်ယူထိုက်သည်များအား သင်ယူ တက်မြောက်ထားကြမှသာလျှင် အရည်အချင်းပြည့်ဝသည့် လူငယ်များဖြစ်လာကြမှာ ဖြစ်ပါကြောင်း၊ အရည်အချင်းရှိသည့် လူငယ်များဖြစ်လာမှသာလျှင် မိမိအတွက်၊ မိမိပတ်ဝန်းကျင်အတွက်၊ မိမိတိုင်းပြည်၊ မိမိနိုင်ငံ၏အကျိုးအတွက် သယ်ပိုးထမ်းရွက်နိုင်သည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်းများဖြစ်လာကြမှာ ဖြစ်ပါကြောင်း၊ ဒေသတွင်းလူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  အထောက်အကူပြုစေမည့် ကွန်ပျူတာသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊သင်တန်းနည်းပြများအနေဖြင့် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးကြရန်နှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ကြိုးစားသင်ယူကာမိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုအောင် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးထံ သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ် - ၉၆၀၀၀၀ (ကိုးသိန်းခြောက်သောင်းကျပ်)အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ခင်စောလင်းက ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာအခြေခံ သင်ကြားနေမှုနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမအတွင်းရှိ ပြခန်းငယ်၊ ကလေးစာဖတ်ခန်းအတွင်း ဆေးရောင်ခြယ်နေမှုနှင့် စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၂/၂၀၂၃ သင်တန်းများအား တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး၊ ကသာ၊ ကန့်ဘလူမြို့နယ်များရှိ လူထုအခြေပြု ဗဟိုဌာန Community Centre များတွင် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကြပြီး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၉၀ ဦး တက်ရောက်သွားမည်ဖြစ်ရာ သင်တန်းကာလ ၁ လအကြာစာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၉၁.jpg

၉၂.jpg

၉၃.jpg

၉၄.jpg

၉၅.jpg

၉၉.jpg

မုံရွာ ၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ ရွှေဘိုစက်မှုဇုန်အတွင်းရှိ တစ်ရက်လျှင် တန် ၁၀၀ ကျ တိုးတိုးဆန်စက်၊ တစ်ရက်လျှင် တန် ၅၀ ကျသည့် မိဘဂုဏ်ဆန်စက်နှင့် တစ်ရက်လျှင် တန် ၁၅၀ ထုတ်လုပ်နေသည့် KT မွေးမြူရေးအစာတောင့်စက်ရုံနှင့် အေးရွှေစင်ဆီစက်လုပ်ငန်းများသို့ ရောက်ရှိရာ လုပ်ငန်းရှင်များမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား စပါးကြိတ်ခွဲထုတ်လုပ်နေမှု၊ မွေးမြူရေးအစာတောင့် ထုတ်လုပ်နေမှု၊ မြေပဲဆီသန့်နှင့်နှမ်းဆီသန့် ထုတ်လုပ်နေမှု၊ ကုန်ကြမ်း လုံလောက်စွာရရှိမှု၊ ထုတ်ကုန်များကို အရည်အသွေးမြင့်စေမားစေရန် ကြိုးပမ်းဆောင်ရွက်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများရရှိကာ လုပ်ငန်းများတိုးချဲ့လုပ်ကိုင်၍ ဈေးကွက်သို့ ကုန်ပစ္စည်းလုံလောက်အောင်ထုတ်လုပ် တင်ပို့ရောင်းချနေမှု၊ လျှပ်စစ်ဓာတ်အားနှင့် လုပ်သားရရှိမှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်မှုများကို တင်ပြကြရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စက်ရုံများအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ရွှေဘုံရတ နာမင်္ဂလာနန်းတော်သို့ ရောက်ရှိရာ နန်းတော်အတွင်းရှိ ရှင်းလင်းဆောင်နှင့်ရုံးခန်း အဆောက်အဦပျက်စီးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး နန်းတော်တာဝန်ခံနှင့် တည်ဆောက်ရေးတာ ဝန်ခံတို့မှ ရှင်းလင်းဆောင်နှင့်ရုံးခန်း အလျား - ၆၅ ပေ၊ အနံ - ၃၈ ပေ RC ၁ ထပ် အဆောက်အဦသစ် ဆောက်လုပ်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရွှေဘုံရတနာ မင်္ဂလာနန်းတော်အတွင်းရှိ နန်းတော်နှင့် ရှေးဟောင်းအဆောက်အဦများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ပြည်သူ့ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ ဆေးရုံအုပ်ကြီးက ဆေးကုသမှုအခြေအနေ၊ ဆေးသိုလှောင်ထားရှိမှု၊ ဆေးကုသဆောင်အဆောက်အဦများကြံ့ခိုင်မှုနှင့် ဆေးရုံ၏လိုအပ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဝန်ကြီး ဦးဝင်းမြတ်စိုးက ဖြည့်စွက်တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ဆေးကုသမှုခံယူနေသော လူနာများအတွက် အဟာရဖြည့်စွက်စာများအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ပြည်သူ့ ဆေးရုံဝန်းအတွင်း အလျား - ၁၅၀ ပေ ၊ အကျယ် - ၁၄ ပေ၊ ၈ လလ်မထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုနှင့် ဆေးရုံအနောက်ဘက် အုတ်တံတိုင်းကာရံခြင်း အလျား - ၄၀၀ ပေ၊ အမြင့် - ၇ ပေ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့ရှိ ပုခန်းကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တာဝန်ရှိသူ များနှင့်အတူ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ လ ၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရွှေဘိုခရိုင် စုပေါင်းရုံးရှိ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များ တရားဥပဒေစိုးမိုးစေရေး၊ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံစေရေး၊ ပညာရေး၊ကျန်းမာရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အလွင့်အလမ်းများရရှိစေရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ရပ်ကွက်၊ကျေးရွာများအား တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ဆောင် ရွက်နေမှု အခြေအနေများ၊ MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြုရေးလုပ်ငန်းများဆောင်နေမှု အခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးဝင်းမြတ်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူများအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ထံငွေကျပ် - ၁၀ သိန်းတို့အား အသီးသီး ထောက်ပံ့ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေးကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

233.jpg

 

238.jpg

 

242.jpg

244.jpg

 

230.jpg

231.jpg

236.jpg

 

243.jpg241.jpg240.jpg239.jpg235.jpg232.jpg

 

၄၄၄.jpg

 

သတင်း အချက်အလက်