မုံရွာ စက်တင်ဘာ ၂၇

၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက်၊ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၇  ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနှင့် အဘက်ဘက်မှ အားပေးမြှင့်တင်လျှက်ရှိရာ တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်စေရေးနှင့်  မြန်မာ့အားကစားအဆင့်အတန်း  မြင့်မားလာစေရေးအတွက် မူဝါဒများချမှတ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်၏ အားကစားမူဝါဒများအား အကောင်အထည်ဖော်နိုင်ရန်အတွက် အစွမ်းကုန် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးလက်ရွေးစင်လက်ဝှေ့နှင့် ပြေးခုန်ပစ်အားကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်း များအား လေးစားလိုက်နာကြရန်နှင့် မိမိတစ်ဦးချင်းအောင်နိုင်ရေး၊ မိမိတို့တိုင်းဒေသကြီးအသင်း အောင်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြရန် မှာကြားလိုပါကြောင်း၊ အနိုင်မခံအရှုံးမပေးသည့် ဇွဲစိတ်ဓါတ်နှင့် ယခင်နှစ်မှရရှိခဲ့သည့် အောင်မြင်မှုများအား ဆက်လက်ထိန်းသိမ်းကာ အောင်မြင်မှုများပိုမိုရရှိအောင် ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်နှင့် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်သည့် နိုင်ငံနှင့်တိုင်းဒေသကြီးဂုဆောင် အားကစားသမားကောင်းများဖြစ်သည်အထိ ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသင်းမှ အသင်းအုပ်ချုပ်သူများထံ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အောင်နိုင်ရေးအလံအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြေးခုန်ပစ်အသင်း အုပ်ချုပ်သူမှ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ဆောင်ရွက်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား Biometrlc ကောက်ယူနေမှုနှင့် Census Unit ရေးဆွဲခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေသည့် လုပ်ငန်းအဆင့်ဆင့်အား လိုက်လံရှင်းလင်း ပြသကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ Biometrlc ကောက်ယူရေးနှင့် Census Unit ရေးဆွဲခြင်းသို့ လာရောက်လုပ်ကိုင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

viber_image_2023-09-27_16-00-12-775.jpg

viber_image_2023-09-27_16-00-14-406.jpg

viber_image_2023-09-27_16-00-13-984.jpg

viber_image_2023-09-27_16-00-14-718.jpg

viber_image_2023-09-27_16-00-15-390.jpg

 

viber_image_2023-09-27_16-00-15-053.jpg

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မုံရွာ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူ များလိုက်ပါလျက် စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း (အလုံ)သို့ရောက်ရှိရာ ကျောင်းအုပ်ကြီး ရုံးခန်းတွင် ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ၊ ဆရာ/ဆရာမများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိနှင့် ဆရာ/ဆရာမများက ကျောင်း၏ သင်ကြားရေး လုပ်ငန်းများနှင့် ကျောင်းဆောင်အဆောက်အဦများ၏ ကြံ့ခိုင်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ပညာရေးမှူးမှ လိုအပ်သည်များကို ဖြည့်စွက်င်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းအဆောက်အဦများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ သွားလာနေထိုင်မှုနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်း သာယာစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိစေတို့အတွက် မိမိတို့အနေဖြင့် တာဝန်ရှိသူ များနှင့်ပေါင်းစပ်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆရာ၊ဆရာမများအနေဖြင့် လည်း မိမိကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်စေရေးတို့အား အမြဲဆောင်ရွက်သွားကြရန် မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ တက်ရောက်နေကြသော ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြား နေမှုများအား လိုက်လံကြည့်ရှု အားပေးပြီး သင်ကြားရေးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဝန်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် စိုက်ပျိုးထားသော စားဖိုဆောင်သီးနှံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုများနှင့် စိုက်ပျိုးရေး သုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှု အားလိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြးရေး အထက်တန်းကျောင်း အလျား -၁၁၄ ပေ၊ အနံ - ၃၂ ပေ၊ ၂ ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ်စံချိန်စံညွှန်းများနှင်အညီ အမြန်တည်ဆောက်ပြီးစီးရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း    (အလုံ)တွင် Grade-12 ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာယာစွာဖြင့် ပညာသင်ကြားနေမှု များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။

viber_image_2023-09-26_16-32-28-120.jpg

viber_image_2023-09-26_16-32-25-226.jpg

viber_image_2023-09-26_16-32-26-116.jpg

viber_image_2023-09-26_17-07-04-504.jpg

viber_image_2023-09-26_17-07-04-760.jpg

viber_image_2023-09-26_17-07-05-194.jpg

မုံရွာ ၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ မိမိတို့တိုင်းဒေသကြီးတွင် မှတ်ပုံတင်ထားရှိသည့် မော်တော်ယာဉ်စီးရေ စုစုပေါင်းမှာ (၄၉၅၅၀၆)စီးရှိခဲ့ပြီး ယင်းတို့တွင် မော်တော်ဆိုင်ကယ် (၄၄၉၀၀၉)စီး ဖြစ်သဖြင့် မော်တော်ဆိုင်ကယ်စီးရေ ပါဝင်မှုမှာ (၉၁)ရာခိုင်နှုန်း  ရှိနေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ယာဉ်တိုက်ခိုက်မှု (၁၂၁) မှုဖြစ်ပွားခဲ့ရာ တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း အဆင့်(၁၄) တွင်ရှိခဲ့၍ ယာဉ်တိုက်ခိုက်မှုများတွင်  မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့်နှုန်းသည်(၃၃.၈၈) ရာခိုင်နှုန်း ရှိပါကြောင်း၊ ယာဉ်တိုက်ခိုက်မှုဆိုသည်မှာ ကြိုတင်မျှော်မှန်းလို့မရနိုင်သလို လုံးဝမဖြစ်ပွားရအောင် တားဆီးလို့ မရဘဲ လူတစ်ဦးချင်းစီမှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးမှသာ ယာဉ်အန္တရာယ် လျော့ပါးကင်းဝေးမည် ဖြစ်ပါကြောင်း၊  ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များတွင် လူ့ပယောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်ခိုက်မှုသည်(၉၄) ရာခိုင်နှုန်းခန့်ပါဝင်ပြီး ပတ်ဝန်းကျင်အနေအထား၊ လမ်းတည်ဆောက်ပုံ လမ်း ဒီဇိုင်း၊ လမ်းအဆင့်အတန်းများသည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ဆက်စပ်ပါဝင်နေ၍ လမ်းများအား စတင် တည်ဆောက်ချိန်မှစ၍ Road Safety အတွက် ထည့်သွင်းစဉ်းစားပြီး၊ စနစ်တကျဆောင်ရွက်သွားကြရန် လိုအပ်ပကြောင်း၊ ယာဉ်တိုက်ခိုက်မှု၊ ယာဉ်မတော်တဆမှုဖြစ်ပွားသည့်အခါတွင် အရေးပေါ်ပြုစုစောင့်ရှောက် ရန် လိုအပ်နေသည့် ထိခိုက်ဒဏ်ရာရရှိသူများအား အရေးပေါ်ကုသရန်နှင့် ကူညီစောင့်ရှောက်ရန်အတွက် Post Crash on the Spot အနေဖြင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ထိရောက်မြန်ဆန်မှုရှိစေရေးအတွက် လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ Road Safety ဆိုင်ရာ သိမြင်နားလည်မှု၊ ယာဉ်များ၏ ကြံ့ခိုင်မှု၊ လမ်းများ၏လုံခြုံစိတ်ချရမှု၊ ယာဉ်မောင်းသူများအပါအဝင် လမ်းအသုံးပြုသူအားလုံး၏ စည်းကမ်းလိုက်နာမှုများနှင့် အဘက်ဘက်မှဟန်ချက်ညီညီပါဝင်လာမှသာ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရည်မှန်းချက်များ ပြည့်ဝအောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်တို့က တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများအား  ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးတို့က ယာဉ်မှတ်ပုံတင်ထားရှိမှု၊ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးထားရှိမှု၊ ယာဉ်တိုက်မှု၊ ဖမ်းဆီးအရေးယူမှုနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့်        ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်/မြို့နယ်များအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြကာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင် အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

viber_image_2023-09-25_14-17-33-759.jpgviber_image_2023-09-25_14-17-34-159.jpgviber_image_2023-09-25_14-17-48-318.jpg

မုံရွာ ၊ စက်တင်ဘာ ၂၃

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ( ၅၉ )နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို ၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ကြီးမှူး၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်‌ ဆေးဝါးတားဆီးကာကွယ်‌ ရေး တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့အကျိုးပြု စုပေါင်းသွေး လှူဒါန်းပွဲနှင့် စုပေါင်းသန့်ရှင်းရေးများကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရှေးဦးစွာ ပြည်သူ့ဆေးရုံကြီးအတွင်း၊  အပြင်  စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ပြည်သူ့ဆေးရုံအတွင်း သလ္လာရတနာ ခန်းမ၌ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီးနောက် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းနိုင်က ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက စုပေါင်းသွေးလှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ် သွေးလှူဌာနတွင် စုပေါင်းသွေးလှူဒါန်းနေမှုများအား ကြည့်ရှု့ကာ သွေးလှူစေတနာရှင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အာဟာရဖြည့် ကြက်ဥ၊ပဲနို့ နှင့် အချိုရည်တို့ကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြပါသည်။အဆိုပါ ( ၅၉ )နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့မိသားစုများမှ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၃၇ ဦး၊ တပ်မတော်စစ်‌ဆေးရုံတွင် ၄၇ ဦး၊စုစုပေါင်း  ( ၈၄ )ဦး စုပေါင်း သွေးလှူခဲ့ကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးများ စုစုပေါင်း ၂၅၀ ဦးဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

0-02-06-21d33469af93b4b229088f75452c269ad09df7b97ca3712340e55d4ac00cd4e9_aca587c35c7f391.jpg

0-02-06-1fc61aed60e9cafde69b3fa0c492355cc488343991769d17a1b884563cf6c7bf_efb326c9d13dbe9f.jpg

0-02-06-2f782d5d3a2523d8e0e78dfbb2e0e25b54d49350435f062ba39a34844a2f6e8a_300995715d5c4e77.jpg

0-02-06-ded968ccf55aaf5bf4c7ed46ffaf9e17535469f19410428fd53a51f6db54b859_70b41ebd9e5a506e.jpg

0-02-06-6a332c9844f3c273f41c9a5a1b512aa5437457b599dc96342ea335ea2fe314e0_8e0514260e89c588.jpg

0-02-06-dbef71b4a6656b2d9b13ac6690b5ccb358c0ad07bbc93a978c65b0f4fc379f8d_76daf24a23533c4d.jpg

0-02-06-701b1a3ab775ed0be2762181fd20b516d6499200e85415e4bb50d64912c8ffce_4ee1dc31f6a14f49.jpg

0-02-06-c360b2e34a8c08ef18f0ced61875cdafbfc337749f9cd8740e3345fc8c8a26dd_be011e22ec74273d.jpg

0-02-06-04df63dae63a37b17142e7c9fd078bb2f111aa93a94faf7fd8433537ada7ac47_c5bdb0e50897b81.jpg

0-02-06-b9ca058bdcdddb04b249fb158804fd178ece2e12029d2dac30f3b6dc8e2a8fe5_908170cf183b0942.jpg

0-02-06-216349a1a4c2a31dd2e20215ab0180087767fcffc06d6b3c1a4b64121988c034_c8fbffeb132fc884.jpg

 

မုံရွာ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုး သား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ တွင်ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းမြို့နယ်အသင်းနှင့် မြောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးကာ မြောင်မြို့နယ်အသင်းမှ စစ်ကိုင်းမြို့နယ် အသင်းအား ၂ ပွဲ ပြတ်ဖြင့် အနိုင်ရရှိသွားသည်။ထို့နောက် ဆုချးီမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က ပွဲစဉ်တစ်လျောက် နေရာအလိုက်အကောင်းဆုံး ဆုရရှိကြသော အမျိုးသမီး/အမျိုးသား အားကစားသမားများအား ဆုတံဆိပ်များအသီးသီး ပေး အပ်ချီးမြှင့်ကြသည်။ဆက်လက်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက  တတိယဆုရ ရှိသော မုံရွာမြို့နယ်၊ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တတိယဆုရ ရှိသော မုံရွာမြို့နယ်၊ အမျိုးသားပိုက်ကျော်ခြင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသား ဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒုတိယ ဆုရရှိသော ယင်းမာပင်မြို့နယ် အမျိုးသမီးပိုက် ကျော်ခြင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော စစ်ကိုင်းမြို့နယ် အမျိုးသားပိုက်ကျော်ခြင်း အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိကြသော ကျွန်းလှမြို့နယ်၊ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းနှင့် မြောင်မြို့နယ်၊ အမျိုးသားပိုက် ကျော်ခြင်း အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများအား ပေးအပ်ချီးမြှင့် ပြီးဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက် နေ့အထိကျင်းပခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်မှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အားကစားသမား ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

0-02-06-f4c17661c72bbd63b2573b532bbd86568c89036f57e3e1f23e81deb5067543bd_f19f5580f09a2d5f.jpg

0-02-06-6a5ad8ef62ab3ed19125c95340d4b2691e5390ed218bdee72f901b1b14b81a9b_b4dc6bc2b9947e63.jpg

`0-02-06-e14be86617ccaa74588c45d2ee69e67c8b7d60e529cadd5bd5781a02a268c8bb_3428c3a97ffafb0d.jpg

0-02-06-40c8d70e632f169edc34604a5cf56c13b28ee681fec94ccc0a5114aea5a72fa3_9950b2fef7b2f09.jpg

 

 

 

မုံရွာ စက်တင်ဘာ ၂၁

မုံရွာမြို့နေပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး၊ ငါးသယံဇာတပေါကြွယ်ဝစေရေးနှင့် ငါးမျိုးစိတ်များရှင်သန်ပေါက်ဖွားရေးတို့အတွက် ရည်ရွယ်၍ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ စုမျိုးသွယ် က အရှေ့ဘက်ကန်သာယာ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ၂ လက်မအရွယ် ရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ - ၂ သိန်းအား အရှေ့ဘက်ကန်သာယာ သဘာဝရေ ပြင်အတွင်း တပျော်တပါး စိုက်ထည့်ပေးခဲ့ကြသည်။ ယခုနှစ်မိုးရာသီတွင် ချင်းတွင်းမြစ်အတွင်း ငါးသားပေါက်ကောင်ရေ - ၄၂၅၀၀၀ (လေး သိန်းနှစ်သောင်းငါးထောင်)ကောင်နှင့် ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ကောင်ရေ - ၄၅၀၀၀၀ (လေးသိန်းငါးသောင်း)ကောင်နှင့် သဘာ၀ ရေပြင်ကန်များအတွင်းသို့ ငါးသောက်ပေါက်ကောင် ရေ - ၆၅၀၀၀၀ (ခြောက်သိန်းငါးသောင်း)ကောင် စုစုပေါင်းကောင်ရေ - ၁၅၂၅၀၀၀ (တစ်ဆယ့်ငါး သိန်းနှစ်သောင်းငါးထောင်)ကောင်အား စိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက်ကန်သာယာ ကန်ပတ်လမ်းအရှည် - ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြည်သူများအပန်းဖြေခြင်းနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်လုပ်ဆောင်နေမှု၊ စတီးလက်ရန်းများတပ်ဆင်သွားမည့်အစီအစဉ်နှင့် ကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများပြေပျောက်စေရန်၊ ကန်ပတ်ဝန်းကျင်အားသန့်ရှင်းသာယာလှပရေးနှင့် အမြဲစိမ်းလန်းစိုပြည်ရေးဆောင်ရွက်ရန်တို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်ပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

0-02-06-5bef4d7d7065769fc1c818a275079c15ee6e9faa2bef323dae4f24d22c9567e0_f755a885cfbd4c32.jpg

0-02-06-205f53fa6d5d8f05e61080a0ea97ebb6202c87be8fc61a39e630532562f43431_935b9e97d1d94d09.jpg

0-02-06-8afdeab1b1d9f1a0b308e155043aa3a709789f0f3141fde41821bfd4945f90b0_63b701699f79f987.jpg

0-02-06-ad47a370f28dc8a4fc0289894fce05e8a7ae490172e9e79f0c80d9d84fb79e04_b5af2e0f01a189ea.jpg

0-02-06-6befe2b9b55d619fba2a3d279ff34ce06fd0d4bfe96e51ac52d01b1cbb97d7ac_d8574ada0972e113.jpg

0-02-06-a08406495b1a71c371cc2662fbde48ba780e04b29eb57f04ba074f780697a76a_15f30ff496635908.jpg

 

 

သတင်း အချက်အလက်