(၃၀.၃.၂၀၂၀) ရက်နေ့ နံနက် (၀၇၃၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌများနှင့်အတူ ခင်ဦး၊ ရေဉီး၊ ဒီပဲယင်း မြို့နယ်များတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားမှုတို့နှင့် စပ်လျဉ်း၍ ရွှေဘို- ခင်ဉီး- ဒီပဲယင်း- ဘုတလင်- မုံရွာလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် နံနက် (၇) နာခွဲမှ စတင်ထွက်ခွာခဲ့ပြီး မြို့နယ်အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်များနှင့်အညီ စနစ်တကျ အထူးအလေးထားကာ ပြည်သူပူးပေါင်း ပါဝင်မှုတို့ဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး ခင်ဉီး၊ ရေဉီး၊ ဒီပဲယင်းတို့ရှိ နေရပ်ပြန် အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်ထားရှိမှုနှင့် လုံခြုံရေး ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုအားပေး စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး ဉပဒေချုပ်၊ စာရင်းစစ်ချုပ်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီး/ ခရိုင်အဆင့် လုပ်ငန်းကော်မတီဝင် များနှင့်အတူ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းသို့ ပြန်လည် ရောက်ရှိလာသည့် နေရပ်ပြန်များအား ယာယီလက်ခံထားရှိပြီး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသော မုံရွာမြို့ န္ဒဝန်ရပ်ကွက်ရှိ တန်ဖိုးနည်း အငှားအိမ်ရာသို့ သွားရောက်၍ ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ COVID-19 Isolation Hospital ပြင်ဆင်မှု အခြေအနေများနှင့် ထပ်မံဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိပါသည်။