ပင်လည်ဘူးမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

          သက္ကရာဇ် ၈၈၈ ခုနှစ်တွင် မိုးညှင်းဇလုံနယ်စား သိုဟန်ဘွားကို အင်းဝထီးနန်းတင်ခဲ့ပြီး အပြန်တွင် မူးမြစ်အတိုင်း ဆန်တက်ခဲ့ရာ ကြီးမားသောသရက်ဖြူပင်ကြီးများပေါက်ရောက်သည့် ကိုင်းကြီးကုန်းကျေးရွာသို့ ရောက်ရှိလာပြီး ထိုရွာ တွင်တပ်ချနားနေစဉ် ဓါတ်တော်များကို ဌာပနာ၍ စေတီငယ်တစ်ဆူကိုတည်ခဲ့သည်။ ထိုစေတီကို မိုးဆုတောင်းစေတီ ဟု ခေါ်တွင်ခဲ့သည်။ မိုးညှင်းဇလုံနယ်စားသည် စေတီတည်ပြီးနောက် မြို့ရွာတည်ရန်နေရာကို လိုက်လံကြည့်ရှုရာ ကိုင်းကွင်း တစ်ခုမှ ကြက်ဖတစ်ကောင်သည် ထန်းပင်တစ်ဖျားခန့် ကောင်းကင်ယံသို့ပျံတက်သည်ကို တွေ့မြင်ရသည်။ ထိုသို့ ကြက်ပျံ သည့်နေရာသည် အတိတ်ကောင်းပြီး နောင်ကာလ၌ ကြက်ပျံမကျစည်ကားနိုင်သည်ဟု ယူဆ၍ အဆိုပါနေရာ၌ ရွာတည ခဲ့ သည်။ ၎င်းရွာကို ပင်ကိုင်ဖလူး ဟု ခေါ်တွင်ခဲ့သည်။ အဓိပ္ပါယ်မှာ ပင်သည် − ကိုင်း၊ ကိုင်သည် − ကြက်၊ ဖလူးမှာ − ပျံ သန်းသည် ဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် ပင်ကိုင်ဖလူးသည် ကိုင်းတောမှ ကြက်ပျံသောနေရာဟု အဓိပ္ပါယ်ရပါသည်။ ကာလကြာမြင့်သောအခါ ပင်ကယ်ဖူး၊ ထိုမှ ပင်လည်ဘူး ဖြစ်လာခြင်း ဖြစ်ပါသည်။  

ပထဝီဝင် အနေအထား    

တည်နေရာအကျယ်အ၀န်း

ပင်လည်ဘူးမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် တည်ရှိ ပါသည်။ ‌မြောက်လတ္တီတွဒ်၂၃ ဒီဂရီ ၂၈ မိနစ်နှင့် ၂၄ ဒီဂရီ ၂၈ မိနစ်ကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁ မိနစ်နှင့် ၉၅ ဒီဂရီ ၄၆ မိနစ်အကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ (၁၂၆၈၇)စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ (၄၉)မိုင်နှင့် တောင်မှ မြောက်သို့ (၆၅)မိုင်ရှည်းလျားပါသည်။ ပင်လည်ဘူးမြို့နယ် နှင့် မြို့တို့၏ ဧရိယာ စတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ပင်လည်ဘူး

၀.၄၆

၁၂၆၇.၇၁

၁၂၆၈.၁၇

မြို့နယ်ချုပ်

၀.၄၆

၁၂၆၇.၇၁

၁၂၆၈.၁၇

တည်နေရာ၊ အကျယ်အ၀န်း

ပင်လည်ဘူးမြို့နယ်သည် အရှေ့ဘက်တွင် ဝန်းသိုမြို့နယ်၊ တောင်ဘက်တွင် ကောလင်းမြို့နယ်နှင့် ကျွန်းလှမြို့နယ်၊ အနောက်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ပင်လည်ဘူးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်(၉၀၁)ပေရှိပြီး မူးမြစ် ဝဲယာတွင် မြေပြန့်လွင်ပြင်များရှိ၍ တောင်စဉ်တောင်တန်းများ ထူထပ်လျှက်ရှိရာ ထင်ရှားသော တောင်တန်းများမှာ မိုင်းသုန်တောင်၊ ဇီးဖြူတောင်၊ သနွင်း တောင်နှင့် မှန်တောင် တို့ဖြစ်ပါသည်။

ရေဆင်း

ပင်လယ်ဘူးမြို့နယ်အတွင်း မူးမြစ်သည် ဗန်းမောက်မြို့နယ်မှ မြစ်ဖျားခံ၍ မြို့နယ်နိမိတ်ကို အဆိုပြုလျက် ပင်လယ်ဘူးမြို့အနီး မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းလျက် ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်

ပင်လည်ဘူးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့် (၉၀၁)ပေ အထက်တွင် တည်ရှိပြီး မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ မှန်တောင်ဖြစ်၍ အမြင့်(၂၂၁၀)ပေရှိပါသည်။

 

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here