ရွှေဘိုမြို့ဒေသခံ ပြည်သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်သော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဧပြီ (၂၀)ရက် နံနက်(၉)နာရီက ရွှေဘိုမြို့ရှိ ပခန်းကျောင်းတိုက်၊ ဝေဠုဝန် ကျောင်းတိုက်နှင့် ရွှေဘုံသာကျောင်းတိုက် ဆရာတော်များအား သွားရောက်ဖူးမြှော်ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ နံနက် (၁၀) နာရီတွင် ရွှေဘိုမြို့ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၉)ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ရွှေဘိုမြို့ အမှတ်(၂) ရပ်ကွက်ရှိ ဝေဠုဝန်တိုက်သစ် ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ဓမ္မာရုံနှင့် နေ့လယ် (၂) နာရီတွင် အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၅) ရပ်ကွက်တို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ရွှေသိမ်တော်ဘုရားဝန်း အတွင်းရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က “ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ ပြည်သူလူထုနှင့် တွေ့ဆုံရခြင်းမှာ ပြည်သူတို့၏ အသံကို နားထောင်ပြီး ပြည်သူတို့၏ အခက်အခဲနှင့် လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြေရှင်း ဖြည့်ဆည်း ပေးရန်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရ၏ ချမှတ်ထားသော မူဝါဒနှင့်အညီ တိုင်းဒေသကြီး တစ်ဝှမ်းလုံး ဖွံ့ဖြိုးတိုးတက်စေရေး အစဉ်တစိုက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာမှာ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု များစွာလိုအပ်မှာ ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများအနေဖြင့် လိုအပ်ချက်များစွာ ရှိနေမည်မှာ မိမိတို့အနေဖြင့် နားလည်ပါကြောင်း၊ သို့ရာတွင် ဘတ်ဂျက်ခွဲဝေရရှိမှုအပေါ် မူတည်ပြီး မြို့နယ်အလိုက် ဦးစားပေး လုပ်ငန်းများကို ခွဲဝေဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ပြည်သူများအနေဖြင့် မိမိဒေသ၏ အများအကျိုးအတွက် အမှန်တကယ်လိုအပ်မည့် လုပ်ငန်းများကို ဆွေးနွေး တင်ပြကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများမှ “ ရွှေဘိုမြို့ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေမြောင်းများ ပြန်လည်တူးဖော်ပေးရေး၊ မြို့တွင်းလမ်းများ ကောင်းမွန်စေရေး၊ သောက်သုံးရေရရှိရေးနှင့် စာကြည့်တိုက်များ ဖွင့်လှစ်ပေးနိုင်ရေးစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တင်ပြတောင်းခံကြရာ ” သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20-4-2019 00120-4-2019 00220-4-2019 00320-4-2019 00420-4-2019 00520-4-2019 00620-4-2019 00720-4-2019 00820-4-2019 00920-4-2019 011

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon