ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

၂၀-၄-၂၀၁၉ရက်နေ့ (၀၉၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနနှင့် တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးတို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ကနီမြို့နယ်၊ စဖိုကြီးကျေးရွာ အနီးရှိ ရေတံခွန် စီးဆင်းနေမှုအား ကွင်းဆင်း ကြည့်ရှု၍ ခရီးသွားပြည်သူများ လာရောက် အပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများအား ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

21-4-2019 00121-4-2019 00221-4-2019 00321-4-2019 00421-4-2019 00621-4-2019 005