ကနီမြို့နယ် နတ်ရဲတောင် ကျေးရွာအုပ်စု၊ ပျဉ်တောကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

၂၀-၄-၂၀၁၉ရက်နေ့ (၁၅၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ကနီမြို့နယ်၊ နတ်ရဲတောင် ကျေးရွာအုပ်စု၊ ပျဉ်တောကျေးရွာရှိ ဒေသခံပြည်သူ (၂၅၀)ဦးခန့်ဖြင့် တွေ့ဆုံပွဲတွင် ဝန်ကြီးဦးစိုးဦးမှ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမှတ်ထားသည့် မူဝါဒများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ဘဏ္ဍာငွေရရှိမှုပေါ် မူတည်ပြီး တိုင်းဒေသကြီးအတွင်း ဦးစားပေးလိုအပ်သည့် လုပ်ငန်းများကို ခွဲဝေချထားလျက် ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးမှာ ရှမ်းပြည်နယ်ပြီးလျင် အကြီးဆုံး တိုင်းဒေသကြီး ဖြစ်ပါကြောင်း အများအကျိုးအတွက် လိုအပ်မည့် လုပ်ငန်းများကို ဆွေးနွေး တင်ပြစေလိုကြောင်း ပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအား သက်ဆိုင်ရာ ဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

21-4-2019 01421-4-2019 01521-4-2019 01621-4-2019 01721-4-2019 01821-4-2019 01921-4-2019 02021-4-2019 02121-4-2019 02221-4-2019 023