စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံသည် ဝက်လက်မြို့နယ် သီးနှံပျက်ဆီးဆုံးရှုံးမှုအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း၊ ဝက်လက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်း တို့နှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် (၂၃.၄.၂၀၁၉)ရက်နေ့ (၀၉၀၀)နာရီ အချိန်တွင် ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၁၈-၂၀၁၉ခုနှစ် မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့ရသော တောင်သူများအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ဝက်လက်မြို့နယ်အတွင်းရှိ သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော ကျေးရွာအုပ်စု(၄၃)အုပ်စုမှ တောင်သူပေါင်း(၁၆၈၁၆)ဦး၏ ပျက်စီးဧက(၄၈၁၉၅)ဧကအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေ (၂၄၂၄၃၅၀၀၀ဝိ/-) ပေးအပ်ခဲ့ကြောင်းနှင့် ဆက်လက်၍ (၁၀၀၀) နာရီအချိန်တွင် ဝက်လက်မြို့နယ်၊ လိန်ပင်ကျေးရွာတွင် စိုက်ပျိုးထားသော JR-747၊ ရက်(၉၀)၊ ရွှေဆည်ရင်စသော နွေးစပါးမျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးထားရှိမှုနှင့် ဝက်လက်မြို့နယ်၊ ကျီးကန်းကျေးရွာအုပ်စုတွင် စိုက်ပျိုးထားသော သိပ္ပံနှမ်းနက် နွေနှမ်းမျိုးစေ့ထုတ်စံပြကွက်များသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

23-4-2019 00123-4-2019 00223-4-2019 00323-4-2019 00423-4-2019 00523-4-2019 006