စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ရွှေဘိုအကျဉ်းထောင်အတွင်း ဆူပူမငြိမ်သက်မှု ဖြစ်စဉ်အား သွားရောက်ဆွေးနွေးညှိနှိုင်း

၂၂-၄-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အကျဉ်းထောင်တွင် ဆူပူမငြိမ်သက်မှု ဖြစ်ပွားခဲ့ရာ ဝန်ကြီးချုပ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ သွားရောက်၍ အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် အကျဉ်းသားများ အနေဖြင့် မညီမျှမှုများ အခွင့်အရေးဆုံးရှုံးမှုများ ရှိပါက မိမိထံ ပွင့်လင်းစွာ တင်ပြနိုင်ပါကြောင်း သက်ဆိုင်ရာသို့ တင်ပြပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သဖြင့် ထောင်ဆူမှု ဆန္ဒထုတ်ဖော်မှုများ ရပ်တန့်သွားခဲ့ပါကြောင်း သိရှိရပါသည်။

23-4-2019 00823-4-2019 00923-4-2019 01023-4-2019 01123-4-2019 01223-4-2019 01323-4-2019 01423-4-2019 015