ဆုတောင်းပြည့် ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက် ဗောဓိညောင်ရေ သွန်းလောင်းပွဲ အခမ်းအနားသို့ တက်ရောက်

၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) နံနက်(၀၇၃၀)နာရီ အချိန်တွင် မုံရွာမြို့ ဆုတောင်းပြည့် မြတ်စွာဘုရားကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သော (၂၅)ကြိမ်မြောက် ဗောဓိညောင်ရေ သွန်းလောင်းပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ ဉီးသန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဉီးဝင်းမြင့်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ ၊ မုံရွာမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်နှင့် ဒေါ်အမာကြည်၊ ဝတ်ရွတ်အဖွဲ့များ၊ ဂေါပကအဖွဲ့များ အသီးသီး တက်ရောက်ခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်နှင့် ရှေးဟောင်း ဆင်းတုတော်များအား သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ပင့်ဆောင်၍ ဆုတောင်းပြည့် ဘုရားကြီးအား လက်ယာရစ် လှည့်ပတ်အပူဇော်ခံကာ ရွှေမိုး/ ငွေမိုးများ ရွာသွန်းဖြိုးပြီး ဘုရားရင်ပြင်တော်ရှိ မဟာဗောဓိ ညောင်ပင်ကြီးကို ညောင်ရေ သွန်းလောင်း ခဲ့ကြပါသည်။

ညနေ(၅)နာရီ အချိန်တွင် အဆိုပါ ဆုတောင်းပြည့် မြတ်စွာဘုရားကြီး ရင်ပြင်တော်၌ မုံရွာမြို့ပေါ်ရှိ ပင့်သံဃာတော် (၁၀၈)ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်းနှင့် ယင်းအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ ၊ ဂေါပကများ ၊ ရပ်ကွက်ပြည်သူများမှ ဆွမ်းဆန်စိမ်းများ အသီးသီး လောင်းလှူခဲ့ကြောင်း သိရှိရပါသည်။

18-5-2019 00618-5-2019 00718-5-2019 00818-5-2019 00918-5-2019 01018-5-2019 01118-5-2019 01218-5-2019 01318-5-2019 01418-5-2019 01518-5-2019 01618-5-2019 01718-5-2019 01818-5-2019 01918-5-2019 02018-5-2019 02118-5-2019 02218-5-2019 02318-5-2019 024

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၁၂၆ ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ ကဆုန်ညောင်ရေ သွန်းပွဲတော်နှင့် တတိယအကြိမ် စုပေါင်းစတုဒီသာ လှူဒါန်းပွဲသို့ တက်ရောက်

စစ်ကိုင်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးဒေါ်တင့်တင့်သည် မေလ ၁၈ ရက် နံနက်ပိုင်းတွင် ရွှေဘိုမြို့ မော်ဓောမြင်သာ မြို့ထောင့်စေတီ ဆုတောင်းပြည့် မြတ်စွာဘုရားဝန်းအတွင်း ကျင်းပပြုလုပ်သော ၁၂၆ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ ကဆုန်ညောင်ရေ သွန်းပွဲတော်နှင့် တတိယအကြိမ်မြောက် စုပေါင်းစတုဒီသာ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

18-5-2019 00118-5-2019 00218-5-2019 00318-5-2019 00418-5-2019 005

စစ်ကိုင်းမြို့တွင် လျှပ်စစ်ဓါတ်မီးတိုင်များ စိုက်ထူနိုင်ရေး ကွင်းဆင်းစစ်ဆေး

(၁၆-၅-၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးစိုးဦးသည် တာဝန်ရှိသူများဖြင့် စစ်ကိုင်းမြို့၊ ဇေယျာလမ်းတွင် လမ်းလယ်ဓါတ်မီးတိုင်များ စိုက်ထူနိုင်ရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

17-5-2019 00117-5-2019 00217-5-2019 00317-5-2019 00417-5-2019 00517-5-2019 006

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေ ရပ်ရွာလူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တည်းခိုဆောင် ဖွင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မေလ(၁၅)ရက် နံနက်(၀၉၀၀) အချိန်တွင် ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ ရပ်ရွာလူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တည်းခိုဆောင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်က ရပ်ရွာလူထု ခရီးသွားလုပ်ငန်းဆိုတာ မိမိဒေသမှာရှိတဲ့ ရေမြေတောတောင် သဘာဝအလှများ၊ ပတ်ဝန်းကျင် ဂေဟစနစ်များ၊ တိုင်းရင်းသား လူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနဲ့ လူနေမှု အဆင့်အတန်း မြင့်မားရေးတို့အတွက် ပရဟိတလုပ်ငန်းအသွင် ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ကြောင်း၊ တန်းဖိုးမဖြတ်နိုင်တဲ့ ရှားပါးထင်းရှာလှတဲ့ ဧရာဝတီလင်းပိုင်များကို ဒေသခံပြည်သူများအနေဖြင့် ထိန်းသိမ်းစောင့်ရှောက် သွားရမှာဖြစ်ကြောင်း သဘာဝ အရင်းအမြစ်များ မပျက်စီးစေပဲ ဒေသ၏ ဆွဲဆောင်မှုရှိသော ခရီးစဉ်နေရာများကို ဖော်ထုတ်ပြသရင်း ခရီးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်သည် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ ရပ်ရွာလူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တည်းခိုဆောင်များအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း ရေယာဉ်ဖြင့် လှည့်လည် ကြည်ရူ့ခဲ့ပါသည်။

ဆက်လက်၍ ရွာသာကြီး- ဝက်လက်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည်ရူ့ စစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မှီစွာဖြင့် သတ်မှတ်ကာလ ပြီးစီးရေး ဆောင်ရွက်သွားရန် လမ်းညွန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

15-5-2019 00115-5-2019 00215-5-2019 00315-5-2019 00415-5-2019 00515-5-2019 00615-5-2019 00715-5-2019 00815-5-2019 00915-5-2019 01015-5-2019 01115-5-2019 012

မုံရွာမြို့တွင် တိုးချဲ့တည်ဆောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ၏ လုပ်ငန်းများအား ရန်ကုန်မြို့သို့ သွားရောက်လေ့လာ

(၈-၅-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်း၊ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းတို့ ပါဝင်သော အဖွဲ့သည် ရန်ကုန်မြို့သို့ သွားရောက်ပြီး မုံရွာမြို့တွင် တိုးချဲ့တည်ဆောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ၏ လုပ်ငန်းများအား လေ့လာ၍ အချက်အလက်များအား ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရှိရပါသည်။

14-5-2019 00614-5-2019 00714-5-2019 00814-5-2019 00914-5-2019 01014-5-2019 01114-5-2019 01214-5-2019 01314-5-2019 01414-5-2019 015

More Articles...

  1. ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ကွင်းဆင်းကြည့်ရှု့ စစ်ဆေး
  2. စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
  3. စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့၌ အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့ အခမ်းအနား တက်ရောက်
  4. စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ရွှေဘိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon