ချောင်းဦးမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

ချောင်းဦးမြို့သည် ရှေးနှစ်ပေါင်း တစ်သန်းကျော်ကပင် လူနေထိုင်ခဲ့သော အထောက်အထားများ ရှိပါသည်။ ၁၉၈၁ခုနှစ်၊ ဧပြီလတွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒကထိက ဦးဘမော်နှင့် ကျောင်းသားများ ကွင်းဆင်းလေ့လာစဉ် ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာ၌ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာ ရွှေမြင်တင်တောင်တန်းဒေသ ဒင်္ဂါးကုန်းအနီးရှိ ကြွယ်သာကုန်းတွင် တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်း လူအံသွားဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ ချောင်းများ၏ ဦးတိုက်ရာ အရပ်ချောင်းများ၏ အစဖြစ်၍ ချောင်းဦးဟု ခေါ်ဝေါ်ခဲ့ကြောင်းနှင့် သက္ကရာဇ်(၂၇၉)တွင် နန်းတက်သော ညောင်ဦးစောရဟန်းခေါ် တောင်သူကြီးမင်းသည် (၂၈၇)ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၄)ရက်၊ တနင်္ဂနွေနေ့တွင် ချောင်းဦးရွာကို ရွာမပြု၍ အရန်ရွာငယ် (၉)ရွာနှင့် ချောင်းဦး (၁၀)ရွာကို စုပေါင်းမြို့တည်ခဲ့ရာ မြို့ရွာစည်ပင် တိုးတက်၍ အန္တရာယ်ကင်းစေရေးအတွက် ဒေါင့်(၄)ဒေါင့်တွင် ဓါတ်အင်း(၄)ချပ်ကို မြေတူးမြှုပ်နှံစဉ် သံတူရွင်းမှ မီးတောက်၍ "သံတောက်'' ဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြောင်း သိရပါသည်။

ထို့အပြင်သက္ကရာဇ် (၅၅၆)တွင် ရေထိုးခဲ့သော သမံတဇာကျောက်စာအရ သက္ကရာဇ်(၅၃၆)တွင် နန်းတက်သော နရပတိစည်သူမင်းကြီးလက်ထက်၌ '' လေးသောင်းအရပ် '' ဟူ၍လည်းကောင်း၊ ချောင်းဦးအရပ် ဟူ၍လည်းကောင်း၊ ခေါ်ဝေါ်ခဲ့ကြောင်း သက္ကရာဇ်(၇၁၈)ခုနှစ်တွင် ရေးထိုးခဲ့သော ခင်မွန်ရွာ ရွှေစည်းခုံဘုရား ကျောက်စာအရ '' ချောင်းဦးမြေ'' ဟု ဖော်ပြထားသည်ကိုလည်း အထင်အရှား တွေ့ရှိရပါသည်။

 

ပထဝီဝင် အနေအထား

တည်နေရာ အကျယ်အဝန်း

ချောင်းဦးမြို့သည် ‌မြောက်လတ္တီတွဒ် (၂၂)ဒီဂရီ (၇)မိနစ်အကြား အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၁၀)မိနစ်၊ အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၁၄)မိုင်(၄)ဖာလုံနှင့် တောင်မှ မြောက်သို့ (၁၃)မိုင်(၇)ဖာလုံ ရှည်လျားပါသည်။ ချောင်းဦးမြို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စုဧရိယာ

စတုရန်းမိုင်

မြို့နယ်ဧရိယာ

စတုရန်းမိုင်

ချောင်းဦး

၀.၈၅၈

၁၈၇.၇၁၂

၁၈၈.၅၇

မြို့နယ်ချုပ်

၀.၈၅၈

၁၈၇.၇၁၂

၁၈၈.၅၇

နယ်နိမိတ်

ချောင်းဦးမြို့၏ အရှေ့ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် မြောင်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မုံရွာမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။


မြေမျက်နှာသွင်ပြင်

ချောင်းဦးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၆)ပေတွင် တည်ရှိပြီး မြို့နယ်၏ မြေမျက်နှာပြင်ကို (၃)ပိုင်း ခွဲခြားထားပါသည်။ (၁) မြို့နယ်၏ အနောက်တောင်ကုန်းပိုင်း (၂) မြစ်ရေမဝင်သော အလယ်ပိုင်းဒေသ မြေမြင့်ပိုင်း၊ (၃) မြို့နယ်၏တောင်ဘက်နှင့် အနောက်ဘက် တောင်ဘက်ခြမ်း မြစ်ရေဝင်သော မြေနိမ့်ပိုင်းတို့ဖြစ်ပါသည်။

 

ရေဆင်း

ချောင်းဦးမြို့နယ်တွင် မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပါသည်။ ထင်ရှားသောမြစ်မှာ ချင်းတွင်းမြစ်ဖြစ်ပြီး မြို့၏အနောက်ဘက်မှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။


ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်

         ချောင်းဦးမြို့၏ ပင်လယ်ရေမျက်နှာပြင် အမြင့်မှာ (၂၅၆)ပေ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon