ကနီမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

ပျူစောထီးမင်းသည် သောင်းကျန်းသည့် တောဝက်အား လိုက်လံနှိမ်နင်းရာတွင် ၀က်ကြီးမှာ မောပန်းသဖြင့် တစ်ခုသောကမ်းပါးအရပ်၌ မှီပြီးခိုနားခဲ့သောကြောင့် ကမ်းမှီအရပ်ဟု ခေါ်ခဲ့ပြီးယင်းမှ ''ကန္နီ'' ''ကနီ'' အဖြစ် ခေါ်ခဲ့ခြင်း ဖြစ်သည်။

ကနီမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏(၂၈.၇.၁၉၇၂)ရက်စွဲပါ စာအမှတ်၊ ၁၀၃/၁၄/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ရပ်ကွက်(၃)ခု၊ ကျေးရွာ အုပ်စု(၄၅)အုပ်စုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

 

ပထဝီဝင် အနေအထား

တည်နေရာ၊ အကျယ်အဝန်း

ကနီမြို့နယ်သည် မြောက်လတ္တီတွဒ် (၂၂)ဒီဂရီ (၄၉)မိနစ် (၃၆)စက္ကန့်မှ (၂၂)ဒီဂရီ (၁၅)မိနစ်အကြား အရှေ့လောင်ဂျီတွဒ် (၉၄)ဒီဂရီ (၁၅)မိနစ်မှ (၉၄)ဒီဂရီ (၄၅)မိနစ်အကြား တည်ရှိပါသည်။ အကျယ်အ၀န်းအားဖြင့် အရှေ့မှအနောက်သို့(၅၀) မိုင်နှင့် တောင်မှမြောက်သို့ (၄၁)မိုင် ရှိပါသည်။ ကနီမြို့နယ်နှင့် မြို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု

ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ

စတုရန်းမိုင်

ကနီ

၂.၄၅

၁၂၉၄.၅၅

၁၂၉၇

 

မြို့နယ်ချုပ်

၂.၄၅

၁၂၉၄.၅၅

၁၂၉၇

နယ်နမိတ်

ကနီမြို့နယ်၏ မြောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ရေဦးမြို့နယ်၊ အနောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် အရှေ့ဘက်တွင် ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ်များနှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်

ချင်းတွင်းမြစ်၏ အနောက်ဘက်ခြမ်းတွင် တောင်တန်းများနှင့် တောင်များပေါများပြီး အရှေ့ဘက်ခြမ်းသည် လွင်ပြင်ဒေသ ဖြစ်ပါသည်။ ကနီမြို့နယ်အတွင်း တည်ရှိသော မဟူတောင်တန်း၊ ပုံတောင်၊ လက်ပံတောင်တို့သည် တောင်မှမြောက်သို့ သွယ်တန်းလျက်ရှိပါသည်။

 

ရေဆင်း

ချင်းတွင်းမြစ်သည် ကနီမြို့နယ်အတွင်း မြောက်မှတောင်သို့ ရေမိုင် (၅၇)မိုင် ဖြတ်သန်း စီးဆင်းသွားပါသည်။ ကနီမြို့နယ်တွင် ချောင်းများပေါများပြီး ထင်ရှားသောချောင်းများမှာ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းတွင် ပုထိုးလုံး ချောင်း၊ ရေဝါချောင်း၊ သင်္ဂဒုံချောင်း၊ မျှိုင်းချောင်းတို့ဖြစ်ပြီး ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် ဖိုးမဲချောင်းတို့ ဖြစ်ပါ သည်။ ၎င်းချောင်းများ အားလုံးသည် ချင်းတွင်းမြစ်အတွင်းသို့ စီး၀င်ကြပါသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်     

ကနီမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် (၂၆၅)ပေအမြင့်တွင် ရှိပါသည်။

 

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon