တန့်ဆည်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

တန့်ဆည်မြို့နယ်၏ နောက်ခံမြို့နယ်သမိုင်းမှာ ၁၁၁၂ခုနှစ် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး ဖောင်စင်္ကြာဖြင့် လှည့်လည်စဉ် ဖောင်စင်္ကြာ ရပ်တန့်သွားသဖြင့် ထိုနေရာကို အစွဲပြု၍ တန့်ဆည်ဟု ခေါ်တွင်ခဲ့ပါသည်။ ရှေးကလုံခြုံရေးအရ ကျောင်းကန်ကုန်းရွာ၊ ငွေပန်းကုန်းရွာ၊ လေးရွာကုန်းရွာ၊ ၀င်ကဘာရွာ၊ မရကန်ရွာ၊ တဲကြီးရွာတို့ အပါအဝင် ရွာပေါင်း(၆)ရွာစုစည်း၍ တန့်ဆည်ရွာကြီးအဖြစ် တည်ခဲ့ပါသည်။ မှတ်တမ်းတွင် ၁၇၄၉ခုနှစ် ဦးပေါ်ဦးကို တန့်ဆည်တွင် မွေးဖွားသည်ဟု တွေ့ရှိရသဖြင့် ပညာရှိအမတ်ကြီး ဦးပေါ်ဦး၏ မွေးရပ်ဇာတိဖြစ်သည်။ တန့်ဆည်ရွာကြီးကို ၁၈၃၆ခုနှစ်တွင် သူကြီးအုပ်ချုပ်ခဲ့ပြီး မြန်မာမင်းများလက်ထက်၌ မြေဒူးခရိုင်တွင် ပါ၀င်ခဲ့သည်။ ၁၈၈၉ခုနှစ်တွင် ရေဦးခရိုင်အတွင်း တန့်ဆည်ခရိုင်ရုံးခွဲ စိုက်ခဲ့သည်။ ပါလီမန်ခေတ်တွင် ရေဦးခရိုင်ခွဲ လက်အောက်တွင် ရှိခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီး ဌာန၏(၁၂-၁၂-၇၂)ရက်စွဲပါ အမိန်ကြော်ငြာစာအမှတ်၊ ၁၁၁၇ဖြင့် ၁၉၀၇ခုနှစ်၊ မြို့ပြအက်ဥပဒေ ပုဒ်မ(၄)အရ တန့်ဆည်မြို့ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၇၂ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးအရ စစ်ကိုင်းတိုင်း၏ မြို့နယ်တစ်ခုအဖြစ် တည်ရှိခဲ့ပါသည်။

 

ပထဝီဝင် အနေအထား

တည်နေရာ၊ အကျယ်အဝန်း

 

တန့်ဆည်မြို့နယ်သည် မြောက်လတ္တီတွဒ် ၉၅ဒီဂရီ ၂၄မိနစ် ၄၀စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၂၂ဒီဂရီ ၅၆မိနစ်၊ ၅၂စက္ကန့်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ (၃၆)မိုင်နှင့် တောင်မှမြောက်သို့ (၃၁/၅)မိုင် ရှည်လျားပါသည်။ တန့်ဆည်မြို့နယ်နှင့် မြို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

စဉ်

မြို့နယ်အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာ စတုရန်မိုင်

မြို့နယ် ဧရိယာ စတုရန်းမိုင်

တန့်ဆည်

၁.၀၉

၇၁၅.၂၅

၇၁၆.၃၄

 

 

 

နယ်နမိတ်

တန့်ဆည်မြို့နယ်၏ အရှေ့ဘက်တွင်ကန့်ဘလူမြို့နယ်၊ တောင်ဘက်တွင် ရေဦးမြို့နယ်နှင့် ထိစပ်လျက် ရှိပါသည်။ အနောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ကျွန်းလှမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်

တန့်ဆည်မြို့နယ်တွင် သစ်တောကြိုးဝိုင်း/ ကြိုးပြင်ဧရိယာ  (၁၃၄၇၂၀)ဧကနှင့် တောရိုင်း‌မြေဧရိယာ(၅၁၁၄၂)ဧကမှ လွဲ၍ ကျန်ဒေသအားလုံး ‌မြေပြန့်လွင်ပြင်ဖြစ်ပါသည်။

 

ရေဆင်း

တန့်ဆည်မြို့နယ်နှင့်ကန့်ဘလူမြို့နယ်အကြား မူးမြစ်သည် ‌မြောက်မှတောင်သို့ နယ်နိမိတ်အဖြစ် ဖြတ်သန်း သွားပါသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

တန့်ဆည်မြို့နယ်သည်ပင်လယ်ရေမျက်နှာပြင်အထက်ပျမ်းမျှ အမြင့် (၃၈၄)ပေတွင် တည်ရှိပါသည်။

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon