ကန့်ဘလူမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

ကန့်ဘလူမြို့နယ်သည် မြေထူးမြို့ကို ဂေါတမမြတ်စွာဘုရား၏ ဘိုးတော်ကပ္ပိလဝတ်ပြည့်ရှင် အဉ္စနမင်းကြီး လက်ထက်တော် မဟာသက္ကရာဇ်(၄၆)ခုနှစ်၊ တန်ခူးလဆန်း(၈)ရက်နေ့ ညဉ့်စည်(၄)ချက်တီးကျော် နက္ခ(၁၃)လုံး ယှဉ်လျှက် ကိုးနဝင်း၊ မြေကြီး(၉)ဌာန တပြိုင်နက် တည်ခဲ့ပါသည်။ ကပ္ပိလဝတ်ပြည်မှ မြေနှင့်အရောင်အဆင်း၊ အမျိုးအစား၊ အလေးချိန် တူညီသောဒေသဖြစ်၍ ကပ္ပိလဝတ်ပြည် မြို့တော်အတိုင်း မြို့တည်ခဲ့သဖြင့် မြေတူမြို့ဟု သမုတ်ခဲ့ပါသည်။ မြေတူမှ မြေတူးဟူ၍လည်းကောင်း၊ တူးမှ ဒူးဟုလည်းကောင်း အခေါ်ပြောင်းလဲ၍ မြေဒူးဟု ခေါ်ဝေါ်ခဲ့ပါသည်။ ကန့်ဘလူမြို့ရှိ ကန်မှာ အဆိုပါကန်(၉)ကန်တွင် အပါအဝင်ဖြစ်ခဲ့ပြီး ကာလတာရှည် တည်တံ့ခိုင်မြဲစေရန် ကန်ကိုဘီလူး အစောင့်ထားခဲ့သည်ဟု သိရပါသည်။ ယင်းကန်ဘီလူးကို အစွဲပြု၍ ကန်ပတ်ဝန်းကျင်ရှိ ရွာအား ကန်ဘီလူးရွာ ထိုမှ ကန့်ဘလူဟု ခေါ်ဝေါ်ခဲ့ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာ၊ အကျယ်အဝန်း

ကန့်ဘလူမြို့နယ်သည် ‌စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် တွင်ပါဝင်ပြီး မြောက်လတ္တီတွဒ်   ၂၀ ဒီဂရီ ၅၄ မိနစ် နှင့်၂၃ ဒီဂရီ ၄၃ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၉ မိနစ်နှင့် ၉၅ ဒီဂရီ ၅၉ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့(၄၃)မိုင်နှင့် တောင်မှ မြောက်သို့(၆၄.၅)မိုင် ရှည်းလျားပါသည်။ ကန့်ဘလူမြို့နယ်နှင့် ဇီးကုန်း မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

ဇီးကုန်းမြို့

၀.၇၆

-

-

ကန့်ဘလူမြို့

၁.၆၂

၁၅၉၆.၉၇

၁၅၉၉.၃၅

မြို့နယ်ချုပ်

၂.၃၈

၁၅၉၆.၉၇

၁၅၉၉.၃၅

 

နယ်နမိတ်

ကန့်ဘလူမြို့နယ်၏ အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တောင်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်နှင့် ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ကသာခရိုင်၊ ကောလင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

ကန့်ဘလူမြို့နယ်သည် မြေပြန့်ဒေသနှင့် တောင်ကုန်းတောင်တန်း ရောနှောပါဝင်လျှက်ရှိပါသည်။ မြို့နယ်၏ တောင်ဘက်ပိုင်းနှင့် အနောက်ဘက်အပိုင်းသည် မြေပြန့်ဖြစ်ပြီး၊ မြောက်ဘက်ပိုင်းနှင့် အရှေ့ဘက်အပိုင်းသည် တောင်ကုန်းတောင်တန်းဒေသ ဖြစ်ပါသည်။ မင်းဝံတောင်တန်းသည် ဧရာဝတီမြစ်နှင့်အပြိုင် တောင်နှင့်မြောက် သွယ်တန်းလျက်ရှိပါသည်။ အရှေ့မြောက်ပိုင်း၌ ပေ(၂၂၉၀)ရှိသော ဇင်းတောင်သည် အမြင့်ဆုံးဖြစ်ပြီး ထင်ရှားပါသည်။ မြို့နယ်အလယ်ပိုင်း ဂါးတာကျေးရွာ၏ မြောက်ဘက်(၅)မိုင်အကွာတွင် (၁၀၃၈)ပေမြင့်သော တုတ်တပင်တောင် တည်ရှိပါသည်။ မြို့နယ်၏ မြောက်ဘက်ပိုင်းရှိ တောင်ကုန်းတောင်တန်း များသည် ပေ(၁၀၀၀)ကျော် မြင့်မားပါသည်။ မြို့နယ်၏တောင်ဘက်ပိုင်း ရထားလမ်းဝဲယာနှင့် အနောက်ဘက် မူးမြစ်ဝှမ်းသည် ညီညာသော မြေပြန့်လွင်ပြင် ဖြစ်ပါသည်။

ရေဆင်း

 ကန့်ဘလူမြို့နယ်ရှိ မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပြီး ထင်ရှားသည့် မြစ်ချောင်းများမှာ ဧရာဝတီမြစ်၊ မူးမြစ်တို့ ဖြစ်ပါသည်။ မြစ်ချောင်းများသည် ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ ဧရာဝတီမြစ်တွင် သင်္ဘော/ စက်လှေများ သွားလာနိုင်သော မြစ်ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

              ကန့်ဘလူမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်(၄၆၅)ပေတွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်သည် အရှေ့မြောက်ပိုင်းရှိ ဇင်းတောင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon