ဝန်းသိုမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

သက္ကရာဇ် ၈၈၈ ခုနှစ်တွင် မိုးညှင်းဇလုံနယ်စား သိုဟန်ဘွားကို အင်းဝထီးနန်းတင်ခဲ့ပြီး အပြန်တွင် မူးမြစ်အတိုင်း ဆန်တက်ခဲ့ရာ ကြီးမားသော သရက်ဖြူပင်ကြီးများ ပေါက်ရောက်သည့် ကိုင်းကြီးကုန်းကျေးရွာသို့ ရောက်ရှိလာပြီး ထိုရွာတွင် တပ်ချနားနေစဉ် ဓါတ်တော်များကို ဌာပနာ၍ စေတီငယ်တစ်ဆူကို တည်ခဲ့သည်။ ထိုစေတီကို မိုးဆုတောင်းစေတီဟု ခေါ်တွင်ခဲ့သည်။ မိုးညှင်းဇလုံနယ်စားသည် ဦးအောင်မြတ် မြန်မာသက္ကရာဇ် (၃၀၃)ခုနှစ်တွင် သင်တိုင်းတောင်နှင့် ဒေါင်းမြူးချောင်းဆုံရာ ဖိုခနောက်နေရာတွင် ရှမ်းအခေါ် ကြိုင်းဆေးမြို့ကို တည်ထောင်ခဲ့ပါသည်။ မြန်မာဘာသာဖြင့် ကျားခနောက် မြို့ဟု အမည်ခေါ်သည်။ မြို့အမည်အဆင့်ဆင့် ပြောင်းလဲမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

        (က) (၃၀၃)ခုနှစ်၊ သိုဟုန်ဘွားလက်ထက်                   -        ကြိုင်းဆေး

        ( ခ ) (၇၀၅)ခုနှစ်၊ ဟော်မိုဟန်လက်ထက်                  -        ကြိုင်းဆို

        ( ဂ ) (၇၅၀)ခုနှစ်၊ ခွန်ဆိုင်လက်ထက်                       -        မိန်းဆို

        (ဃ) (၈၀၀)ခုနှစ်၊ စောခန်းကြည်လက်ထက်              -        ကြိုင်းကောင်း

        ( င ) (၉၀၀)ခုနှစ်၊ စောညီလက်ထက်                       -        သင်းလဲစင်လဲ

        ( စ ) (၁၀၀၀)ခုနှစ်၊ ငရသူလက်ထက်                      -        ဗျဂ္ဃပူရ

        (ဆ) (၁၁၂၅)ခုနှစ်၊ စော်ဘွားငအောင်ညိုလက်ထက်     -        ၀န်းသို

ဝန်းသိုမြို့နယ်တွင် စော်ဘွား (၂၆၄)ဆက်၊ စစ်ကဲ(၃)ဆက်၊ စော်ဘွားကြီး(၄)ဆက်၊ မြို့သူကြီး(၈)ဆက် ရှိခဲ့ပါသည်။ ဝန်းသိုမြို့၏ နောက်ဆုံးစော်ဘွားမှာ အင်္ဂလိပ်တို့အား ဒူးမထောက်လက်မမြောက် ရွပ်ရွပ်ချွန်ချွန် တော်လှန်တိုက်ခိုက်ခဲ့သော အာဇာနည်စော်ဘွားကြီး ဦးအောင်မြတ် ဖြစ်ပါသည်။


ပထဝီဝင် အနေအထား

တည်နေရာ၊ အကျယ်အဝန်း

‌မြောက်လတ္တီတွဒ်၂၃ ဒီဂရီ ၁၁မိနစ်နှင့် ၂၃ ဒီဂရီ ၄၃မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၃မိနစ် နှင့် ၉၆ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိပါသည်။ ဧကအားဖြင့် (၃၂၆၄၈၃)ဧက ရှိပါသည်။ အရှေ့မှအနောက်သို့ (၃၈)မိုင်ရှိပြီး တောင်မှ မြောက်သို့ (၄၂)မိုင် ရှည်လျားပါသည်။ မြို့နယ်၏ အကျယ်အ၀န်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု

ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ

စတုရန်းမိုင်

ဝန်းသို

၀.၇၃

၂.၄၈

၅၁၀.၁၃

မြို့နယ်ချုပ်

၀.၇၃

၂.၄၈

၅၁၀.၁၃

 

နယ်နမိတ်

၀န်းသိုမြို့နယ်၏ အရှေ့ဘက်တွင် ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်၊ အရှေ့မြောက်အရပ်တွင် အင်းတော်မြို့နယ်၊ မြောက်အရပ်တွင် ဗန်းမောက်မြို့နယ်၊ အနောက်အရပ်တွင် ပင်လည်ဘူးမြို့နယ်၊ တောင်အရပ်တွင် ကောလင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်တည်ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်

အရှေ့အရပ်တွင် မင်းဝံတောင်ရိုး (၁၅၀၀)ပေ၊ အနောက်အရပ်တွင် မှန်ကင်းတောင်(၃၉၉၈)ပေ၊ ပင်းအိုတောင် (၄၀၄၆)ပေ၊ နွားလဘို့တောင် (၁၁၀၀)ပေ၊ မိုင်းသုံတောင်(၅၃၅၅)ပေနှင့် မင်းလယ်တောင် (၁၀၇၆)ပေရှိပြီး အလယ်ပိုင်း တစ်လျှောက်တွင် လယ်ကွင်းများ၊ စိုက်ခင်းများ တည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ(၇၀၀)မှ (၁၀၀၀)ပေ အထိ မြင့်မားပါသည်။

ရေဆင်း

ဝန်းသိုမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသော မြစ်များမရှိပါ။ အဓိက ချောင်းများမှာ ဒေါင်းမြူးချောင်း၊ နန်းလိုင်း ချောင်း၊ နငဲချောင်း၊ လိပ်စောချောင်း၊ ဆည်ရွာချောင်း၊ဘုံချောင်း(ချောင်း)၊ဆီဂါချောင်း၊ ပန်းညိုချောင်း၊ ဒုံးဒုတ်ချောင်းများ ရှိပါသည်။

 

ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်

ဝန်းသိုမြိုနယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပျှမ်းမျှအမြင့်(၇၀၀)ပေမှ (၁၀၀၀)ပေအထိ မြင့်မားပါသည်။ မြို့နယ်၏ အမြင့်ဆုံးအရပ်ဒေသမှာ ရွှေ၀န်းသီတာရပ်ကွက်၊ ကျော်ထွန်းရပ်ကွက်ဖြစ်ပြီး၊ အနိမ့်ဆုံးအရပ်ဒေသမှာ ဆီဆုံကုန်းရပ်ကွက် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon