ကလေးမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

ကလေးမြို့နယ်သည် ရှေးဟောင်းသမိုင်းဝင် နယ်မြေတစ်ခု ဖြစ်ပါသည်။ စောခမ်းလှ၏ အဆက်အနွယ်   မိုးကောင်း မဟာစောလှကြီး၏ သားတော် ကျေးတောင်ညို မင်းသားသည်  ကောဇာသက္ကရာဇ် (၃၂ဝ)၊ အေဒီ(၉၆၆) တပို့တွဲလပြည့်ကျော် (၅)ရက်၊ တနင်္ဂနွေနေ့၊ နေ့တက်(၂)ဖစီးချိန်တွင် ပထမ ကလေးမြို့ကို( မာန်လုံမြို့၊ ရွှေတောင်မြို့၊ စဉ်တုံမြို့၊ ခမ်းပတ်မြို့) မြို့လေးမြို့ ကာရန်နေသောကြောင့် ကာလေးမြို့ဟုခေါ်တွင်ခဲ့ပြီး ကာလရှည်ကြာ ပြောင်းလဲလာမှုအရ ကလေးမြို့ဟု ခေါ်တွင်ခဲ့ပါသည်။

ပထဝီဝင်အနေအထား

တည်နေရာနှင့်အကျယ်အဝန်း

ကလေးမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ အနောက်မြောက် ပိုင်းမြောက်လတ္တီတွဒ်( ၂၂.၃၆ မှ ၂၃.၃၈ )ဒီဂရီ အရှေ့လောင်ဂျီတွဒ် (၉၃.၅၈မှ၉၄.၁၆)ဒီဂရီအကြားတွင် တည်ရှိပါသည်။ ကလေးမြို့၏အကျယ်အ၀န်းမှာ( ၉၀၂.၆၁၆ ) စတုရန်းမိုင်( ၅၇၇၆၇၄ ) ဧကကျယ်၀န်းပါသည်။ ကလေးမြို့နယ်နှင့်မြို့တို့၏ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

စဉ်

မြို့နယ်

မြို့စတုရန်းမိုင်

ကျေးရွာအုပ်စု

စတုရန်းမိုင်

မြို့နယ်

စတုရန်းမိုင်

ကလေး

၁၈.၆၀

၈၈၄.၀၁

၉၀၂.၆၁

       

 

နယ်နမိတ်

ကလေးမြို့နယ်၏ အရှေ့ဘက်တွင် ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ချင်းပြည်နယ် ၊ အနောက်မြောက်ဘက်တွင် တမူးမြို့နယ်၊ အရှေ့ မြောက်ဘက်တွင် မော်လိုက်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်

        ကလေးမြို့နယ်၏ မြေမျက်နှာသွင်ပြင် အနေအထားမှာ အရှေ့ဘက်တွင် ပုံတောင်ပုံညာတောင်တန်း ၊ အနောက်ဘက်တွင် ချင်းတောင်တန်းတို့ တောင်မြောက် သွယ်တန်းလျက်ရှိပါသည်။ ၄င်းတောင်တန်းနှစ်ခုကြားတွင် ကျဉ်းမြောင်း၍ ရှည်လျားသော ချိုင့်ဝှမ်းလွင်ပြင် ဖြစ်ပေါ်နေသည်။ အချို့နေရာများတွင် အနည်းငယ်မြှင့်တက်နေသည့် တောင်ကုန်းတောင်တန်းများ ရှိပါသည်။

 

ရေဆင်း

မြစ်သာမြစ်သည် ကလေးမြို့နယ်၏ အလယ်ဗဟိုခန့်တွင် တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းပြီး နေရဉ္စရာမြစ်သည် မြောက်မှတောင်သို့ စီးဆင်း၍ မြစ်သာမြစ်တွင် ပေါင်းဆုံသည် မြစ်သာမြစ်သည် နွေရာသီတွင်ရေ အနက်(၂)ပေခန့်သာရှိ၍ စက်လှေများ မသွားလာနိုင်ပါ။ ကလေးမြို့နယ်တွင် ထင်ရှားသောမြစ်များမှာ မြစ်သာမြစ်နှင့် နေရဉ္စရာမြစ်တို့ ဖြစ်ပါသည်။ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။

 

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

ကလေးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့် (၄၅ဝ) ပေအထက်တွင် တည်ရှိပါသည်။

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

 

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon