မော်လိုက်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

မော်လိုက်မြို့နယ်၏ မူလအမည်မှာ ''မော်လိဒ်" ဖြစ်ပါသည်။ ''မော်လိဒ်"အမည်မှာ ရှမ်းဝေါဟာရဖြစ်ပြီး ရှမ်းလူမျိုးများ မူလအစနေထိုင်ခဲ့ကြပါသည်။ ''မော်"ဆိုသည်မှာ ရှမ်းဘာသာဖြင့် တွင်းဟုခေါ်ပြီး''လိဒ်" သည် သံဟုခေါ်သောကြောင့် သံထွက်သောတွင်းဟု ရှမ်းဘာသာဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ "မော်လိဒ်"မှ "မော်လိုက်"ဟု တဖြေးဖြေး ပြောင်းလဲခဲ့ပါသည်။ ၁၈၈၆ခုနှစ်တွင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ချင်းတွင်းမြစ်ကို ဆန်တက်၍ ကင်းတပ်ဒေသတွင် အထက်ချင်းတွင်း ခရိုင်မြို့အဖြစ် သတ်မှတ်ကာ ရုံး၊ ထောင်၊ ဆေးရုံ၊ ကြေးနန်းစာတိုက် စသည့်အဆောက်အဦးများ ဆောက်လုပ်ခဲ့ကြသည်။ ထိုအချိန်က မော်လိုက်သည် သူကြီးအုပ်ချုပ်သော ရွာတစ်ရွာဖြစ်ပါသည်။ အရေးပိုင်မင်း မစ္စတာဖောက်ကား လက်ထက် ၁၉၁၆ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့တွင် ကင်းတပ်၏ အောက်ဖက်(၆)မိုင်အကွာရှိ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်း မော်လိုက်ရွာတွင် ရုံးစိုက်ပြီး ခရိုင်ရုံးစိုက်ရာ မြို့အဖြစ် သတ်မှတ်တည်ထောင်ခဲ့ရာ အထက်ချင်းတွင်းခရိုင် မော်လိုက်မြို့ဟု ထင်ရှားခဲ့ပါသည်။ မော်လိုက်ခရိုင်သည် မူလက ကလေး၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင်၊ တမူး(၆)မြို့နယ်ဖြင့် ဖွဲ့စည်းခဲ့သောခရိုင်ဖြစ်ပြီး ၁၉၇၂ခုနှစ် စနစ်သစ်အုပ်ချုပ်ရေးကာလတွင် ခရိုင်ဖျက်သိမ်းခဲ့ပါသည်။ မော်လိုက်မြို့အား ပြည်ထဲရေးနှင့် သသာနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၂၇.၇.၁၉၇၂)ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၈၈ခုနှစ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တာဝန်ယူသည့် ကာလတွင် မော်လိုက်မြို့နယ်စုအဖြစ် ကလေးမြို့တွင် ရုံးဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ကလေးမြို့သည် အုပ်ချုပ်ရေးလမ်ပန်း၊ ဆက်သွယ်ရေး အချက်အခြာကျသော ဒေသဖြစ်သဖြင့် မော်လိုက်မြို့နယ်စုအား ကလေးမြို့နယ်စုအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ၁၉၉၃ခုနှစ် နိုဝင်ဘာလတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်တွင် လုပ်ငန်းသွက်လက် မြန်ဆန်ရေးအတွက် ကလေးခရိုင်၊ မော်လိုက်ခရိုင် သီးခြားဖွင့်လှစ်ရန် ညွန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)နေ့စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၄၈)၊ စာအမှတ်၊ ၁/၉ အထ-၂ဖြင့် မော်လိုက်၊ ဖောင်းပြင်၊ တမူးမြို့နယ်(၃)မြို့နယ် ပါ၀င်သည့် မော်လိုက်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ မော်လိုက်ခရိုင်ကို (၁.၃.၁၉၉၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်​ဆောက်ရေးအဖွဲ့၏ ၁၉၉၅ခုနှစ်၊ စက်တင်ဘာလ(၁၈)နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၄၂/၉၅)ဖြင့် တမူးမြို့နယ်အား သီးခြားခရိုင်မြို့အဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာ နှင့်အကျယ်အဝန်း

မော်လိုက်မြို့နယ်သည် ‌မြောက်လတ္တီတွဒ်   ၂၃ ဒီဂရီ ၁၂ မိနစ်နှင့်၂၄ ဒီဂရီ ၀၁မိနစ်အကြား အရှေ့လောင်ဂျီတွဒ်၊ ၉၄ဒီဂရီ ၁၁မိနစ်နှင့် ၉၅ ဒီဂရီ ၀၂ မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၄၀) မိုင်နှင့် တောင်မှမြောက်သို့ (၃၆)မိုင် ရှည်လျားပါသည်။ မော်လိုက်မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

မြို့အမည်

မြို့ဧရိယာ စတုရန်းမိုင်

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

မော်လိုက်

၇.၂၄

၁၃၅၅.၈၂

၁၃၆၃.၀၆

 

မြို့နယ်ချုပ်

၇.၂၄

၁၃၅၅.၈၂

၁၃၆၃.၀၆

နယ်နမိတ်

မော်လိုက်မြို့နယ်၏ အရှေ့ဘက်တွင် ကျွန်းလှမြို့နယ်၊ တောင်ဘက်တွင် ကလေးဝမြို့နယ်၊ အနောက်ဘက်တွင် တမူးမြို့နယ်၊ ကလေးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဖောင်းပြင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။

မြေမျက်နှာသွင်ပြင်

မော်လိုက်မြို့နယ်သည် တောင်ကုန်းတောင်တန်းများ ပေါများပြီး သစ်တောဖုံးလွှမ်း၍ မြေပြန့်လွင်ပြင် နည်းပါးပါသည်။ အလယ်ရိုးမနှင့် အနောက်ရိုးမတောင်တန်း နှစ်ခုကြားတွင်တည်ရှိပြီး တောတောင်၊ ချောင်း၊ မြောင်း၊ ချိုင့်ဝှမ်း ထူထပ်ကာမြို့၏ အနောက်ဘက်တွင် တောင်တန်းများ ဝန်းရံထားကာ အရှေ့ဘက်တွင် ချင်းတွင်းမြစ်ရှိပါသည်။

ရေဆင်း

မော်လိုက်မြို့နယ်တွင် ချင်းတွင်းမြစ်သည် မြောက်မှတောင်သို့ မိုင်(၄၀)ခန့် ဖြတ်သန်းစီးဆင်းလျက် ရှိပါသည်။ မြို့နယ်အတွင်းတွင် ချောင်းများ ပေါများသော်လည်း သဲဆန်သော ချောင်းများဖြစ်သဖြင့် နွေရာသီတွင် ရေခမ်းခြောက်လျှက်ရှိပြီး တစ်နှစ်ပတ်လုံး စီးဆင်းလျှက်ရှိသည့် ချောင်းများမှာ ယူးချောင်း၊ ပန်းသာချောင်း၊ အော်ချောင်း၊ မော်လိုက်ကြီးချောင်း၊ ကိုးတန်ချောင်းတို့ရှိပြီး ချောင်းများအားလုံးသည် ချင်းတွင်းမြစ်သို့ စီးဝင်ကြပါသည်။ ဒေသအတွင်းရှိ ရေအရင်းအမြစ်များမှာ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပြီး ချင်းတွင်းမြစ်မှာ နွေရာသီတွင် အချို့နေရာများသည် ရေတိမ်သဖြင့် သင်္ဘောများ၊ စက်လှေများ သွားလာရေးတွင် ခက်ခဲပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

            မော်လိုက်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (၃၇၃) ပေ အထက်တွင် တည်ရှိပါသည်။
ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon