တမူးမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

 

 

ဒေသသမိုင်းအကျဉ်း

တမူးမြို့နယ် တစ်ခုလုံးကို ကဘော်ဒေသဟု ခေါ်တွင်ခဲ့ပါသည်။ တမူးမြို့ကို မြန်မာသက္ကရာဇ် (၁၁၆၃)ခုနှစ်၊ တပေါင်း လဆန်း(၁၁)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ ရှေးယခင်က တိုင်းရင်းသား ရှမ်း၊ ဗမာတို့ အခြေချ ​နေထိုင်ခဲ့ရာဖြစ် ၍“ကဘော်’’ဒေသဟု ခေါ်တွင်ခဲ့ရာမှ နောင်တွင်“ကဘော်’’ဒေသဟု ခေါ်ဆိုလာခြင်းဖြစ်ပါသည်။ ကလေးမြို့နယ် ဖက် ယားရေရှင်ကျေးရွာ၊ တမူးမြို့နယ်စော်ဘွားရေရှင်ကျေးရွာမှ တမူးမြို့အထိ အထက်ကဘော်ဒေသဟု ခေါ်တွင်ပြီး တမူးမြိုမှ မြို့သစ်၊ အောင်ဇေယျကျေးရွာ မြောက်ပိုင်းအစွန်ဆုံး နန်းအောင်မော်ကျေးရွာအထိမှာ ကဘော်ချိုင့်ဝှမ်းဒေသ ဖြစ်ပါသည်။ တမူးမြို့ဟု ခေါ်ဆိုလာခြင်းမှာ အလောင်းမင်းတရားကြီးလက်ထက် စစ်ချီတိုက်ခိုက်အောင်မြင်ပြီးနောက် တပ်မှူးကြီး စက်ရောင်ဘီလူးကို အစောင့်ချထားခဲ့ရာမှ တပ်မှူးကြီးကို အစွဲပြု၍ “တပ်မှူး’’မြို့ဟု ခေါ်ဆိုခဲ့ရာမှ နောင်တွင် “တမူး’’ မြို့ဟု ခေါ်ဆိုလာခြင်းဖြစ်ပါသည်။

ပထဝီဝင် အနေအထား

တည်နေရာ၊ အကျယ်အဝန်း

တမူးမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် တံခါးပေါက်မြို့ တစ်မြို့ဖြစ်ပါသည်။ တမူးမြို့နယ်သည် မြောက်လဒ်တီတွဒ် ၂၃’ ၃၈’ မှ ၂၄​’၄၇’အကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၄’၀၈’မှ ၉၄’ ၃၈’ ကြားတွင် တည်ရှိပြီး၊ ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ မော်လိုက်မြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်ပြီး အကျယ်အ၀န်း(၅၁၁.၇၀၃)စတုရန်း မိုင်နှင့် (၃၂၇၄၉၀) ဧက ဖြစ်ပါသည်-

 

 

စဉ်

မြို့နယ်/မြို့

မြို့ဧရိယာ

ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်ပေါင်း

တမူး

၇.၆၅

၄၈၉.၈၉၃

၄၉၇.၅၄၃

ခမ်းပါတ်

၁၂.၈၇

-

၁၂.၈၇၀

မြို့သစ်

၁.၂၉

-

၁.၂၉၀

မြို့နယ်ချုပ်

၂၁.၈၁

၄၈၉.၈၉၃

၅၁၁.၇၀၃

 

 

နယ်နမိတ်

တမူးမြို့နယ်၏ အရှေ့ဘက်တွင် ဖောင်းပြင်မြို့နယ်၊ တောင်ဘက်တွင် ကလေးမြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဟုမ္မလင်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်

တမူးမြို့နယ်သည် တောင်နှင့်မြောက်အလျား (၉၀)မိုင်၊ အရှေ့နှင့်အနာက် အကျယ်ဆုံးနေရာတွင် (၂၅)မိုင်ရှိပြီး၊ အကျဉ်းဆုံးနေရာတွင် (၁၂)မိုင်ခန့် ရှိပါသည်။ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ပေ(၁၀၀၀)ကျော်မြင့်သော ဝေလုံတောင်၊ မှန်တောင်၊ မင်းသမီးတောင်နှင့် လက်ဆေးကန်တောင် ရှိပါသည်။

 

ရေဆင်း

တမူးမြို့နယ်အတွင်းရှိ ယူးမြစ်သည် အနောက်ဘက်မှ အရှေ့ဘက်သို့ စီးဆင်းသွားပါသည်။ အခြားချောင်းကြီး၊ ချောင်းငယ်များသည်လည်း အရှေ့ဘက်သို့စီးဆင်းလျက် ယူးမြစ်အတွင်းသို့ စီးဆင်းသွားပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

တမူးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ဆုံးနေရာတွင် (၂၃၀၀)ပေရှိသော ချိုင့်ဝှမ်းဒေသဖြစ်ပါ သည်။

ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here

 

 

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon