ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

ရွေးကောက်ပွဲ အသိပညာပေးဆင့်ပွား သင်တန်း(၁/၂၀၁၅)မော်လိုက်မြို့၌ ဖွင့်လှစ်

e3

မော်လိုက် ဇွန်၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ရွေးကောက်ပွဲအသိပညာပေးဆင့်ပွားသင်တန်း (၁/၂၀၁၅) ဖွင့်ပွဲကို ဇွန် လ (၄)ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် မော်လိုက်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌကိုယ်စား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌ ဦးမောင်တိုးမှ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး မဟာဗျူဟာစီမံကိန်းပါကဏ္ဍတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စသည့် ရွေးကောက်ပွဲအသိပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မော်လိုက်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုဦး၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သတင်းရရှိသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇