ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

ပုလဲမြို့နယ်တွင် အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်း( CSO ) များနှင့် မဲဆန္ဒရှင်ပညာပေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုလဲ ဇွန် ၅

              ၂၀၁၅ခုနှစ်၊ အောက်တိုဘာလကုန်  နိုဝင်ဘာလဆန်းတွင်  ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ ပြည်သူလူထုအတွင်း ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး   အတွက် အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်း( CSO )များနှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ဇွန်လ ၃ ရက်၊ နံနက်(၈)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

             ယင်း အစည်းအဝေးတွင် ပုလဲမြို့နယ်  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  ဥက္ကဌဦးထွန်းကြည်က  အမှာစကားပြောကြားပြီး  အတွင်းရေးမှူး  ဦးအောင်စိုးနှင့် အဖွဲ့ဝင်များက အကြို အခြေခံမဲဆန္ဒရှင်စာရင်းများ   ထုတ်ပြန်ကြေညာမည့်  လုပ်ငန်းစဉ်များနှင့်  ဥပဒေ၊နည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။

              ထိုနောက်    တက်ရောက်လာကြသော   အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်း( CSO )များ၊  နိုင်ငံရေးပါတီများနှင့်   စိတ်ပါဝင်စားသည့်  မဲဆန္ဒရှင်များက အကြိုအခြေခံမဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် ကြေညာနိုင်ရေး ပညာပေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သတ်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့သည်။

             ပုလဲမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် အကြိုအခြေခံ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းလုပ်ငန်းကို ဇွန်လ( ၈ )ရက်မှ ဇွန်လ( ၂၁ )ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ အခြေခံစာရင်း ကောက်ခံထားရှိမှုအရ မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း(၁၁၀၅၀၀)ဦးအတွက် မဲရုံပေါင်း(၁၂၉) ရုံကို ထားရှိမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်း (  CSO )များ ထံသို့  အစည်းအဝေးတွင် အကြို အခြေခံမဲဆန္ဒရှင်စာရင်းထုတ်ပြန်ကြေညာခြင်းနှင့်   ပတ်သတ်သည့်   လှုံဆော်ရေး  ဗီနိုင်း ပိုစတာများ၊    ပညာပေးလက်ကမ်းစာစောင်များကို  ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်းကို   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ    အတွင်းရေးမှူး၏ ပြောကြားမှုအရ သိရသည်။

               အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ  ဦးအောင်ကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌဦးမြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  ဥက္ကဌ   ဦးထွန်ကြည်နှင့်    အဖွဲ့ဝင်များ၊  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးညွှန့်ငွေနှင့် အဖွဲ့ဝင်များ၊ရပ်ကွက်/  ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများ၊   ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အတွင်းရေးမှူးများ၊ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်း(CSO)များ၊ နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စားသည့် မဲဆန္ဒရှင်ပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇