ပညာရေးကဏ္ဍ

နိုင်ငံတစ်ဝန်းတက္ကသိုလ်ဝင်တန်းအောင်စာရင်းများထုတ်ပြန်ကြေညာ

နိုင်ငံတစ်ဝန်းတက္ကသိုလ်ဝင်တန်းအောင်စာရင်းများထုတ်ပြန်ကြေညာ

       စစ်ကိုင်း၊ဇွန်(၆)

     တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို နိုင်ငံတစ်ဝန်းရှိ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး၊ပြည်နယ်၊  ခရိုင်၊မြို့နယ်ပညာရေးမှူးရုံးများနှင့် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် ဇွန်(၆)ရက်နံနက်ပိုင်းကစ၍ ထုတ်ပြန်ကြေညာပေးခဲ့သည်၊ ထိုနည်းအတူ စစ်ကိုင်းဒေသကြီး စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့ ၌လည်း အခြေခံပညာအထက်တန်းကျောင်းများတွင် အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့သည်ကိုသိရသည်။              စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)၊အမှတ်(၂) နှင့်အမှတ်(၃)ကျောင်းများနှင့် ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးတို့တွင်လည်း စာမေးပွဲဖြေဆိုထားသူများ သူ့ထက်ငါအပြိုင်တိုးဝှေ့၍ အောင်စာရင်းများကို ကြည့်ကြသည်၊  ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စစ်ကိုင်းခရိုင် အတွင်း စစ်ကိုင်း၊မြင်းမူ၊မြောင်မြို့နယ်များအပါအဝင် စာစစ်ဌာန(၁၅)ခုတွင် (၇၅၉၉)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၃၀၅၁)ဦးအောင်မြင်ခဲ့သည်၊ စစ်ကိုင်းခရိုင်၏အောင်မြင်မှုရာခိုင်နှုန်းမှာ(၄ဝဒဿမ၁၅)ဖြစ်ပြီး၊ဂုဏ်ထူးပေါင်း(၅၉၁)ခုရရှိခဲ့သည်၊ စစ်ကိုင်းမြို့မှာဝင်ရောက်ဖြေဆိုသူ (၄၂၇၅)ဦးဖြစ်ပြီး၊အောင်မြင်သူ(၁၈၅၃)ဦး၊အောင်မြင်မှုရာခိုင်နှုန်းမှာ (၄၃ဒဿမ၃၅)၊ဂုဏ်ထူး (၄၀၆)ခု၊ မြင်းမူမြို့မှာဝင်ရောက်ဖြေဆိုသူ(၁၆၇၇)ဦး၊အောင်မြင်သူ(၆၄၄)ဦး၊အောင်မြင်မှုရာခိုင်နှုန်းမှာ(၃၈ဒဿမ၄၀)၊ဂုဏ်ထူး(၈၈)ခု၊မြောင်မြို့မှာ ဝင်ရောက်ဖြေဆိုသူ(၁၆၄၇)ဦး၊ အောင်မြင်သူ (၅၅၄)ဦး၊အောင်မြင်မှုရာခိုင်နှုန်းမှာ(၃၃ဒဿမ၆၄)၊ဂုဏ်ထူး(၉၇)ခုဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇