ပညာရေးကဏ္ဍ

ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ရင်သွေးငယ်များအား ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများထောက်ပံ့ပေးအပ်

 

                စစ်ကိုင်း၊ဇွန်(၈)

         စစ်ကိုင်းခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ချို့တဲ့ကျောင်းသား/သူ များအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇွန်(၈) ရက် နံနက်(၉)နာရီက စစ်ကိုင်းမြို့ တကောင်းရပ်ကွက် အမှတ်(၁၀) အခြေခံပညာမူလတန်းရွှေရိုင်တန်းကျောင်း၌ကျင်းပသည်။ ရှေးဦးစွာ စစ်ကိုင်းခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကိုယ်စား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးသန်းက အဖွင့် အမှာစကားပြောကြားပြီး၊ ရင်သွေးငယ်များအတွက် ကျန်းမာရေးအသိရှိရန် လက်ဆေးနည်း အဆင့်ဆင့်ကိုသင်ပြရှင်းလင်းပြောကြား၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကထောက်ပံ့ပေးအပ်သည့် အဆိုပါကျောင်းရှိ သူငယ်တန်းမှကျောင်းသား/သူ(၆၀)ဦးတို့အား ကျောင်းဝတ်စုံများကိုထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီးဒေါ်ဖြူဖြူဝင်းကလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြား၍ ကျောင်းသား/သူတစ်ဦးချင်းသို့ပြန်လည်ပေးအပ်ခဲ့သည်၊ ဆက်လက်၍ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကပေးအပ်သည့် စာရေးကိရိယာနှင့် ကျောင်းသုံးဗလာ စာအုပ်(၂၀)ဒါဇင်ကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဌေးဌေးက အဆိုပါကျောင်းရှိ သူငယ်တန်းမှ စတုတ္ထတန်းအထိကျောင်းသား/သူ(၁၈၇)ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။                                                  အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်/ရပ်ကွက်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖအဖွဲ့ဝင်များ တကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဟန်ရှိန်နှင့်ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့်ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်ကို သိရသည်။                            

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇