ဘာသာရေးကဏ္ဍ

၂၀၁၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သီလရှင်ဆရာကြီးများအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲ မုံရွာသာသနာ့ဗိမာန်တော်တွင် ကျင်းပ

e13

                                                                                                                                           မုံရွာ  ဇွန် ၈

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော ၂၀၁၅ ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက်(၈)နာရီ(၄၅)မိနစ်က ၂၀၁၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သီလရှင်ဆရာကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏပူဇာမဟာမင်္ဂလာ အခမ်းအနားကို ကျင်းပရာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ သီလရှင်ဆရာကြီးများ ပင့်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီးဒေါ်ဝေဝေခိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            အခမ်းအနားကို  နမောတဿသုံးကြိမ်ရွတ်ဘုရားကန်တော့ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ဓမ္မပါရဂူပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓါနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ကြကာ ဘဏ္ဍာရေးဝန်ကြီးဦးတင်ဝင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

e12

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သီလရှင်ဆရာကြီးများကို ဘွဲ့တံဆိပ်တော်များနှင့်လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

e11

            အခမ်းအနားအပြီးတွင် သာသနာဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သီလရှင်ဆရာကြီးများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်ဧည့်ပရိတ် သတ်များက ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့သည်။

            ယနေ့ကျင်းပသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲတွင် အဘိဓဇမဟာ ရဌဂုရုဘွဲတံဆိပ်တော်ရ ဆရာတော်(၁)ပါး၊ အဂ္ဂမဟာဂဏ္ဍဝါစကပဏ္ဍိတဘွဲတံဆိပ်တော်ရ ဆရာတော် (၂) ပါး၊ မဟာဂဏ္ဍဝါစကပဏ္ဍိတဘွဲတံဆိပ်တော်ရ ဆရာတော်(၃)ပါး၊ ဂဏ္ဍဝါစကပဏ္ဍိဘွဲတံဆိပ်တော်ရ ဆရာ တော်(၃)ပါး၊ အဂ္ဂမဟာသဒ္ဒမဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော် (၂)ပါး၊ မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါး၊ သဒ္ဒမဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါး၊ ကမ္မဌာနာ စရိယဘွဲ့တံဆိပ်တော်ရ ဆရာတော် (၁)ပါး၊ စုစုပေါင်းဆရာတော် (၁၆)ပါး၊ အဂ္ဂမဟာဂဏ္ဍဝါစကပဏ္ဍိတ ဘွဲတံဆိပ်တော်ရ သီလရှင် ဆရာကြီး (၁)ပါး၊ မဟာသဒ္ဒမဇောတိကဓဇဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၁)ပါး၊ မဟာဂဏ္ဍဝါစက ပဏ္ဍိတဘွဲတံဆိပ်တော်ရ သီလရှင်ဆရာကြီး(၁)ပါး၊ဂဏ္ဍဝါစကပဏ္ဍိတဘွဲတံဆိပ်တော်ရ သီလရှင်ဆရာကြီး(၂)ပါး စုစုပေါင်း (၅)ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇