ပညာရေးကဏ္ဍ

ခန္တီးမြို့တွင် မြို့နယ်အခြေပြုမူလတန်းဆရာအတတ်ပညာအထူးသင်တန်းအမှတ်စဉ်(၂/၂၀၁၅)ဆင်းပွဲ ကျင်းပ

မုံရွာ  ဇွန် ၈

            စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပညာရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်မှုဖြင့် ခန္တီးခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နေ့စားလပေးပညာရေး ဝန်ထမ်းများအား ဆရာဖြစ်လက်မှတ်ရရှိရေး မြို့နယ်အခြေပြုမူလတန်းဆရာအတတ်ပညာအထူးသင်တန်း အမှတ်စဉ်(၂/၂၀၁၅)ဆင်းပွဲကို ဇွန်လ(၈)ရက်နေ့ နံနက်(၁၀)နာရီက ခန္တီးမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၊ ကျန်စစ်သားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

            သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး ``ခန္တီးခရိုင်အတွင်းရှိတဲ့ မြို့နယ်သုံးခုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နေ့စားလပေး ပညာရေးဝန်ထမ်းတွေကို သင်ကြားမှုစွမ်းရည်မြှင့်တင်တဲ့အနေနဲ့ ဖွင့်လှစ်တာပါ၊ သင်တန်းမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ အထွေထွေလူမှုရေး၊ စက်မှုလက်မှု၊ ဂီတ၊ ပန်းချီ၊ ကာယ၊ စိုက်ပျိုးရေး၊ ပညာရေးသဘောတရား၊ စိတ်ပညာ(ပညာရေး)စတဲ့ဘာသာတွေကို စာတွေ့လက်တွေ့သင်ကြားပေးတာပါ´´ဟု ခန္တီးပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

            အဆိုပါသင်တန်းသို့ ခန္တီးခရိုင်အတွင်းရှိ လဟယ်မြို့နယ်မှ သင်တန်းသား/သင်တန်းသူ(၁၉၃)ဦး၊ နန့်ယွန်း မြို့နယ်မှ (၁၉၃)ဦး၊ ခန္တီးမြို့နယ်မှ (၁၂၁)ဦး စုစုပေါင်း (၅၀၇)ဦးတို့အား သင်တန်းနည်းပြ ဆရာ/ ဆရာမ(၂၂)ဦးတို့မှ မေလ(၄)ရက်နေ့မှ ဇွန်လ (၈)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇