ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

စစ်ကိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အခြေခံ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာပေး

စစ်ကိုင်း - ဇွန် (၈)

            ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်းများကို တိုင်း / ပြည်နယ်အတွင်းရှိ ခရိုင်များတွင် ပြည်သူများကြည့်ရှူ့နိုင်ရန် ဇွန်(၈) ရက် နေ့မှ(၂၁)ရက်နေ့အထိ (၁၄)ရက်တိုင်တိုင် ကပ်ထားကြေညာပေးထားမည်ဖြစ်ရာ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်လည်း ကပ်ထားကြေညာပေးထားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မိမိတို့တာဝန်ကျသည့် တိုက်နယ်ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကြည့်ရှူ့စစ် ဆေးခဲ့ကြကာ အခြေခံမဲစာရင်းများနှင့်ပတ်သက်၍ ပြည်သူများအား အသီးသီးအသိပညာပေးခဲ့ကြသည်။

            ယခုကပ်ထားကြေညာပေးထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းတွင် မိမိတို့အမည် ပါ/မပါ ကြည့်ရှူ့ ကြရေး ၊ မိမိတို့အမည်မပါရှိခဲ့လျှင်သော်လည်းကောင်း၊အချက်အလက်များမှားနေလျှင်သော်လည်းကောင်း မဲစာရင်းတွင် မပါသင့်သူများပါရှိနေလျှင်သော်လည်းကောင်း သက်မှတ်ပုံစံများဖြင့် အချိန်မီလျှောက်ထားကြရမည်ဖြစ်ကြောင်း ၊ ခေတ္တလာရောက်နေထိုင်သူများ၏ အမည်များသည် မိမိတို့အမြဲနေထိုင်သည့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)ရှိသော မြို့နယ်မှမဲစာရင်း၌သာပါဝင်သွားမည်ဖြစ်ကြောင်း ၊ထို့အတူ နိုင်ငံရေးပါတီများအနေဖြင့်လည်း ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိရေးနှင့် မိမိတို့၏ မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါပြီး မဲပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်းများကို အုန်းတောတိုက်နယ်ကျေးရွာအုပ်စု တာဝန်ခံ ဒေါ်ဥမ္မာဝင်းက ဆွေးနွေးခဲ့သည်။

            စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် စာရင်းမှာ (၂၁၃၃၁၀)ဦးရှိပြီး မဲရုံပေါင်း (၁၂၃) ရုံ လျာထား ဆောက်လုပ် ထားရှိပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇