ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြင်းမူမြို့တွင် ရှင်းလင်းဆွေးနွေး

 

မြင်းမူ  ဇွန်(၇)

            ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား ရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ(၆)ရက်က မြင်းမူမြို့၊ ရွှေပြည်သစ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအောင်က ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် မြင်းမူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့်လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

            ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်က ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင် မြင်းမူ မြို့နယ်အတွင်း ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေအနက်မှ ကျပ်(၅၅ဝ ဒသမ ၅)သိန်းဖြင့် သောက်သုံးရေ ရရှိရေး လုပ်ငန်း(၁၄)ခု၊ ကျပ်(၃၇၂ ဒသမ ၃)သိန်းဖြင့် လမ်းတံတား(၈)ခု၊ ကျပ်သိန်း(၅၀)ဖြင့် အခြားလုပ်ငန်း(၁)ခုတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။

            ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်နှင့် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များက မိမိတို့ဒေသအလိုက် အဓိကဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇