ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးလုပ်ငန်းများ မြင်းမူမြို့တွင် အသိပညာပေးဆွေးနွေး

f4

မြင်းမူ   ဇွန်(၇)

            ၂၀၁၅ခုနှစ်၊ အောက်တိုဘာလကုန်(သို့)နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး လုပ်ငန်းများ အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ(၆)ရက်က မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲတွင် မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက ၂၀၁၅ခုနှစ်၊ အောက်တိုဘာလကုန်(သို့) နိုဝင်ဘာလဆန်းတွင် ရွေးကောက်ပွဲကြီးကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပြီးဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

            ဆက်လက်ပြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးလုပ်ငန်းများအတွက် ကြိုတင်ဆောင်ရွက်ရမည့် အစီအမံများ၊ မဲရုံများ လုံခြုံရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက ဆက်လက်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြန်လည်ဆွေးနွေးခဲ့သည်။

            အဆိုပါ ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးလုပ်ငန်းများ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုး၊ စခန်းမှူးများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇