ဘာသာရေးကဏ္ဍ

စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဦးဆောင် ဆရာတော်များ စုံညီအစည်းအဝေး မုံရွာရန်ကင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်

j16

မုံရွာ  ဇွန် (၁၆)

                   စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဦးဆောင် ဆရာတော်များ စုံညီအစည်းအဝေးကို ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ရန်ကင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

                   ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဦးဆောင်ဆရာတော်များ မျက်နှာစုံညီ အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်ပြီး `` ဓမ္မစကူးလ်ဖောင်ဒေးရှင်း တည်ထောင်လာတာ (၃)နှစ်ရှိသွားပါပြီ ဘုန်းကြီးတို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာတော့ ဓမ္မစကူးလ်သင်တန်းတွေဖွင့်လှစ်တာ (၁)နှစ်ခွဲတာကာလပဲရှိသေးတယ်၊ သက်တမ်းနုတယ်ဆိုပေမဲ့ အခြားတိုင်းတွေနဲ့စာရင်တော့ အခုအချိန်မှာ သင်တန်းကျောင်းဖွင့်လှစ်နိုင်မှု အများဆုံးဖြစ်နေပါပြီ၊ ဒီလိုအောင်မြင်စွာဖွင့်လှစ်နိုင်တာကလည်း ဘုန်းကြီးတို့နှင့်အတူ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒါယကာတွေ၊ ဒါယိကာမတွေ ပူးပေါင်းပါဝင်လို့ အောင်မြင်တာပါ၊ ဓမ္မစကူးလ်သင်တန်းတွေ ရေရှည်တည်တံ့စွာ ဖွင့်လှစ်နိုင်ဖို့ ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်´´ဟု ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟိုနာယက ဆရာတော် ရန်ကင်း ကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော်  ဒွိပိဋကဒွိပိဋက ကောဝိဒ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တပညာဝံသက မိန့်ကြားသည်။

j15

                   ရှေးဦးစွာ အစည်းအဝေးကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာန၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟို နာယကဆရာတော် ဘဒ္ဒန္တပညာဝံသမှ အဖွင့်ဩဝါဒစကား မိန့်ကြားသည်။

                   ယင်းနောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း အတွင်းရေးမှူး(၁) ဆရာတော် ဒေါက်တာအရှင်ဉာဏဝံသမှ ဓမ္မစကူးလ် ဖောင်ဒေးရှင်းနှင့် ပတ်သက်သော အကြောင်း အရာများနှင့် အစည်းအဝေး ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းလျှောက်ထားပြီး ကလေးမြို့နယ် နေသာကျောင်းတိုက်ဦးစီးပဓာန၊ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဦးဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မိကမှ ဓမ္မစကူးလ်များ ဖွင့်လှစ် သင်ကြားရခြင်း၏ အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားသည်။

                   ဆက်လက်ပြီး တိုုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ထံ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းခဲ့သည်။

                   အဆိုပါ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာန ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟို နာယကဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် ဆရာတော် သံဃာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်းသိရှိရသည်။

 

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇